နောက်ဆုံးရ သတင်း

ယခင်ကနိုင်ငံခြားသား ကုမ္ပဏီများအား ကုန်သွယ်ခွင့်မပြုဘဲ ဝန်ဆောင်မှုလုပ်ငန်းများကိုသာ ခွင့်ပြုခဲ့ရာမှ ယခုအခါ ကုန်သွယ်မှုနှင့်ပတ်သက်သည့် လုပ်ထုံးလုပ်နည်းများ ကမ္ဘာကုန်သွယ်ရေးအဖွဲ့၏ စည်းမျဉ်းများအရလည်းကောင်း၊ လက်ရှိ ပြောင်းလဲလာသော စီးပွားရေးအခြေအနေများအရ နိုင်ငံခြားမှ လာရောက်ရင်းနှီးမြုပ်နှံလိုသူများ၊ စီးပွားရေးလုပ်ငန်းလာရောက်လုပ်ကိုင်လိုသူများ များပြားလာမှုအရလည်းကောင်း ပြည်တွင်းလိုအပ်ချက်ကိုအခြေခံ၍ ကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပြီး နိုင်ငံ၏ စိုက်ပျိုးရေးနှင့် ပြည်သူများ၏ ကျန်းမာရေး ကဏ္ဍအတွက် အဓိကအရေးကြီးပြီး ဈေးကွက်လိုအပ်ချက်ရှိသည့် ဓါက်မြေသြဇာ၊ မျိုးစေ့၊ ပိုးသတ်ဆေးနှင့် ဆေးရုံသုံးကိရိယာများကို နိုင်ငံခြားသားဖက်စပ် ကုမ္ပဏီများအား ကုန်သွယ်ခွင့်ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ၁၁-၁၁-၂၀၁၅ ရက်စွဲပါ အမိန့်ကြေငြာစာအမှတ် (၉၆/၂၀၁၅) ဖြင့်ထုတ်ပြန်လိုက်ပါသည်။

Attachment Files:

အမိန့်ကြော်ငြာစာအမှတ် (၉၆/၂၀၁၅)

ယခင်နိုင်ငံခြားသားကုမ္ပဏီများအား ကုန်သွယ်ခွင့်မပြုဘဲ ဝန်ဆောင်မှုလုပ်ငန်းကိုသာ ခွင့်ပြုခဲ့ရာမှ ယခုအခါ ကုန်သွယ်မှုနှင့်ပတ်သက်သည့် လုပ်ထုံးလုပ်နည်းမာျး၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ စည်းမျဉ်းများအရလည်းကောင်း ပြောင်းလဲလာသော စီးပွားရေးအခြအနေများအရ နိုင်ငံခြားမှ လာရောက်ရင်းနှီးမြှုပ်နှံလိုသူများ စီးပွားရေးလုပ်ငန်းလာရောက်လုပ်ကိုင်လိုသူများ များပြားလာမှုအရလည်းကောင်း၊ ပြည်တွင်းလိုအပ်ချက်ကိုအခြေခံ၍ ကုန်သွယ်မှုကဏ္ဍဖွင့်ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ နိုင်ငံ၏ စိုက်ပျိုးရေးနှင့် ပြည်သူများ၏ ကျန်းမာရေးကဏ္ဍအတွက် အဓိကကျပြီး ဈေးကွက်လိုအပ်ချက်ရှိသည့် ဓါတ်မြေသြဇာ၊ မျိုးစေ့၊ ပိုးသတ်ဆေးနှင့် ဆေးရုံသုံးကိရိယာများကို နိုင်ငံခြားသားဖက်စပ်ကုမ္ပဏီများအား ကုန်သွယ်ခွင့်ကို ဝန်ကြီးရုံး၏ ၁၁.၁၁.၂၀၁၅ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၉၆/၂၀၁၅)ဖြင့် ထုတ်ပြန်ခဲ့ပါသည်။

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနတွင် ဆေးနှင့် ဆေးပစ္စည်းများ လျှောက်ထားရာတွင် တင်သွင်းခွင့် ထောက်ခံချက်လိုအပ်သော ဆေးပစ္စည်းများနှင့် Test Kit များကို ဆေးဝါးမှတ်ပုံတင်လျှောက်ထားရန် လိုအပ်ပါကြောင်း  အောက်ပါအတိုင်း အသိပေးအပ်ပါသည်။

တင်သွင်းခွင့်ထောက်ခံချက်လျှောက်ထားရန်လိုအပ်သော ဆေးပစ္စည်းများ 

တင်သွင်းခွင့်မှတ်ပုံတင်လက်မှတ် လျှောက်ထားရန် လိုအပ်သော ဆေးပစ္စည်းများနှင့် Rapid Diagnostics Test Kit များ 

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့် နှင့် တာဝန်ရှိသူများသည် အိန္ဒိယနိုင်ငံသံအမတ်ကြီးဖြစ်သူ H.E. Mr.Gautam Mukhopadhaya အား ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့ ၁၂း၀၀ နာရီအချိန်တွင် လက်ခံတွေ့ဆုံ

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့် ဝန်ကြီးဌာန၏ ဒသမအကြိမ်မြောက် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားသို့ တက်ရောက်၍ ကထိန်လျာ ဉတ်သင်္ကန်းနှင့် နေ့ဆွမ်းတို့အားဆက်ကပ်လှူဒါန်းခဲ့ပါသည်

Pages

Subscribe to နောက်ဆုံးရ သတင်း