နောက်ဆုံးရ သတင်း

         ၂၀၁၆ ခုနှစ်ဖေဖေါ်ဝါရီလ (၂၆) ရက် ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန နေပြည်တော် ရုံးအမှတ်(၃)  တွင် အွန်လိုင်းအပြည့်အဝအသုံး ပြု ပို့ကုန်သွင်းကုန်လိုင်စင်စနစ် စတင်အသုံးပြုနိုင်ရန်အတွက် ကုန်သွယ်မှုလုပ်ငန်းစဉ်များတွင် ဆက်စပ်ဆောင်ရွက်ရသည့် ဝန်ကြီးဌာနများ လက်အောက်ရှိ ဦးစီးဌာန(၂၅) ခုတက်ရောက်ခဲ့ပြီး ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချူပ် ဦးညွှန်အောင်မှ အဖွင့်အမှာစကားပြောကြား ခဲ့ပါသည်။

          အဆိုပါ အွန်လိုင်း အပြည့်အဝအသုံးပြု ပို့ကုန်သွင်းကုန်လိုင်စင်စနစ်သည် ပို့ကုန်သွင်းကုန်လိုင်စင် လျောက်မည့် company များအနေဖြင့် ဝန်ကြီးဌာနသို့ လာရောက်ရန်မလိုဘဲ အင်တာနက်ရရှိသည့် မည့်သည့် နေရာမဆို လိုင်စင်လျောက်ထားခြင်း ထုတ်ယူခြင်း ငွေပေးချေခြင်း(e-Payment) လုပ်ငန်းများအားလုံးကို Myanmar Tradenet Website အသုံးပြု ဆောင်ရွက် နိုင်မှာဖြစ်ပြီး လိုင်စင် အခြေအနေ များကို လျောက်ထားသူမှ အချိန်နှင့် တပြေးညီ သိရှိနိုင်အောင် ပြန်ကြားပေးနေသည့် Notification  စနစ်ကိုပါ ထည့်သွင်း ထားခြင်းဖြစ်ပါသည်။  Phase (1) အနေဖြင့်  ကုန်ပင်္စစည်း  HS Code များကို စမ်းသပ်ရွှေးချယ်ထုတ်ပေးသွားမည်ဖြစ်ပါသည်။ လုပ်ငန်းရှင်များအတွက် လိုအပ်သည့် အသိပညာပေးလုပ်ငန်းများကိုဆောင်ရွက်ပြီး  ၂၀၁၆-၂၀၁၇ ဘတ်ဂျတ်နှစ်အစတွင်စတင်အသုံးပြုနိုင်ရေး ပြင်ဆင်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ 

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်သည် ၂၀၁၆ ခုနှစ်၊ ဖေဖော် ဝါရီလ ၂၆ ရက်နေ့ ၁၀း၀၀ နာရီအချိန်တွင် Myanmar USA Group မှ ဥက္ကဌဖြစ်သူ Mr. Frank Y. Chiu ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံ

ထုတ်လုပ်တင်ပို့သူကိုယ်တိုင် ပင်ရင်းထုတ်ကုန်ဖြစ်ကြောင်း ကြေညာသည့်စနစ် (Self-Certification System) ကို ကျင့်သုံးဆောင်ရွက်ရာတွင် လိုက်နာရမည့်စည်းကမ်းများကို ထုတ်ပြန်ကြေညာခြင်း

နိုင်ငံ၏ စိုက်ပျိုးရေးနှင့် ပြည်သူများ၏ကျန်းမာရေးကဏ္ဍအတွက် အဓိကအရေးကြီးပြီး ဈေးကွက်လိုအပ်ချက်ရှိသည့် ဓာတ်မြေသြဇာ၊ မျိုးစေ့၊ ပိုးသတ်ဆေး၊ ဆေးရုံသုံးကိရိယာများစည့် ကုန်ပစ္စည်း(၄)မျိုးကို နိုင်ငံခြားဖက်စပ်ကုမ္ပဏီများအား ကုန်သွယ်ခွင့်ပြုခြင်း

Attachment Files:

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်သည် ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နံနက် ၁၄း၀၀ နာရီအချိန်တွင် Union Power Logistics services Co., Ltd နှင့် ဂျပန်နိုင်ငံ၊ Sankyu Inc တို့မှ ကိုယ်စားလှယ်အဖွဲ့အား ဝန်ကြီးရုံးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ

Pages

Subscribe to နောက်ဆုံးရ သတင်း