အထက်မင်းလှမြို့နယ်၌ စပျစ်သီးများ လှိုင်လှိုင်ထွက်

Wed, 03/06/2024 - 04:02 -- mocadmin

   မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့ပေါ်ရှိ အမှတ် ၁၀ ရပ်ကွက်နှင့်အထက် မင်းလှမြို့နယ်အတွင်း ကျေးရွာများဖြစ်သော ရွာတော်၊ ပန်းတော်ပြင်၊ မယ်ဇလီတောစသည့် ကျေးရွာ များတွင် စပျစ်သီးနှံများကို စိုက်ပျိုးကြရာ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ၊ တတိယပတ်မှစတင်၍ စပျစ် သီးများ ခူးဆွတ်ရောင်းချရပြီး ဖေဖော်ဝါရီလ၊ စတုတ္ထပတ်တွင်စပျစ်သီးများ လှိုင်လှိုင်ထွက်ပေါ်နေပြီ ဖြစ်ကြောင်း သိရသည်။

   စပျစ်သီးနှံစိုက်ပျိုးမှုအနေဖြင့် တစ်ဧကလျှင် စပျစ်အပင်ရေ ၂၀၀ ခန့်စိုက်ပျိုးနိုင်ပြီး သက်တမ်း အနေဖြင့် ၉ နှစ်ခန့်ကြာမြင့်ကြောင်း၊ မျိုးအနေဖြင့် စပျစ်မျိုး ၈၀၀၀ ကျော်ရှိသည့်အနက်  Black Queen နှင့် Big Black စပျစ်မျိုးကို ကိုင်းဖြတ်ပျိုးထောင်စနစ်ဖြင့် စင်တင်၍ စိုက်ပျိုးထားသည့် အပြင် စပျစ်သီးအချွန်မျိုးကိုလည်း အပင်ရေအနည်းငယ် စိုက်ပျိုးထားကြောင်း၊ စိုက်ပျိုးရာတွင် ဆောင်းစပျစ်နှင့် မိုးစပျစ်ဟူ၍ စိုက်ပျိုးထားရှိပြီး မိုးစပျစ်ကို ဝိုင်ထုတ်လုပ်ရန်အတွက်သာ အသုံးပြု၍ ဆောင်းစပျစ်ကို အသီးစားသုံးရန်အတွက်ရောင်းချကြကြောင်း၊ ဆောင်းစပျစ်မှာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလဆန်းတွင် အဖူးအပွင့်များ စတင်ဖူးပွင့်၍ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ၊ တတိယပတ်တွင် စတင်ခူးဆွတ်နိုင်ပြီး ကုန်ကျစရိတ်အနေဖြင့် တစ်နှစ်လျှင် စပျစ်ခြံပြန်လည်ပြုပြင်ခြင်း၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်းကျပ်သိန်း ၅၀ ကျော်ခန့်ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် ယခုနှစ်တွင် ရာသီဥတုနှင့် သီးနှံအထွက်နှုန်းကောင်းမွန်သည့်အတွက် ပိဿာချိန် ၇၀၀ မှ ၈၀၀ ကြား ထွက်ရှိနိုင်မည်ဟု မျှော်မှန်းထားကြောင်း၊ ဈေးနှုန်းအနေဖြင့်  Black Queen စပျစ်သီး တစ်ပိဿာ လျှင်ကျပ် ၁၀,၀၀၀ ဖြင့်လည်းကောင်း၊ Big Black စပျစ်သီးတစ်ပိဿာလျှင်ကျပ် ၁၅,၀၀၀ ဖြင့် လည်းကောင်း၊ စပျစ်အချွန်သီးတစ်ပိဿာလျှင် ကျပ် ၁၅,၀၀၀ ဖြင့်လည်းကောင်း ရောင်းချလျက်ရှိ ပြီး ဈေးကွက်အနေဖြင့် မင်းလှမြို့ သစ်သီးဆိုင်များမှ စပျစ်ခြံသို့ လာရောက်ဝယ်ယူကြကြောင်းသိရ သည်။

DOCA (မကွေး)

Local Trade News

Pages