သဲကုန်းမြို့နယ်တွင် တောင်သူများ နှမ်းနက်သီးနှံကို ပိုမိုစိုက်ပျိုး

Wed, 09/13/2023 - 10:57 -- mocadmin

   ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်တွင် နှမ်းသီးနှံကို နွေရာသီနှင့် ဆောင်းရာသီတွင် အဓိက စိုက်ပျိုးလျက်ရှိပြီး မိုးကြိုကာလတွင် မိုးနှမ်းများကို စိုက်ပျိုးကြရာ မျိုးအနေဖြင့် နှမ်းနက်ကို ပိုမို စိုက်ပျိုးကြကြောင်း သိရသည်။ သဲကုန်းမြို့နယ်တွင် လက်ရှိ နှမ်းစိုက်ဧက (၃၆၈)ဧကကို အောင်မြင် စွာစိုက်ပျိုးနိုင်ခဲ့ပြီး လက်ရှိအချိန်တွင် နှမ်းသီးနှံများ ရိတ်သိမ်းလျက်ရှိကြောင်း၊ နှမ်းစိုက်ပျိုးရာတွင် တစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ မြေပြုပြင်ခြင်း၊ စိုက်ပျိုး၊ ရိတ်ခြွေ၊ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး အပါအဝင် စုစုပေါင်းကုန်ကျစရိတ် (၄၅၀,၀၀၀) ကျပ်ခန့် ကုန်ကျကြောင်း၊ တစ်ဧက အထွက်နှုန်း အနေဖြင့် (၈) တင်းခန့် ထွက်ရှိပြီး ဈေးနှုန်းအနေဖြင့် လက်ရှိပေါက်ဈေးမှာ နှမ်းနက်တစ်တင်းလျှင် (၁၂၀,၀၀၀) ကျပ် ရရှိရာ ဝင်ငွေအနေဖြင့် (၉၆၀,၀၀၀) ကျပ်ခန့်ရရှိကြောင်း၊ တစ်ဧကအကျိုးအမြတ် မှာ (၅၁၀,၀၀၀) ကျပ်ခန့် ရရှိသည့်အတွက် နှမ်းစိုက်တောင်သူများအနေဖြင့် နှမ်းသီးနှံကို ပိုမိုစိုက်ပျိုး လာကြကြောင်း သိရှိရသည်။

Local Trade News

Pages