သာယာဝတီခရိုင်တွင် ရေလိုက်မတ်ပဲများ လှိုင်လှိုင်ထွက်ပေါ်၍ အကျိုးအမြတ်ပိုမိုရရှိ

Tue, 02/27/2024 - 03:35 -- mocadmin

   ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များတွင် ရေလိုက်မတ်ပဲများ လှိုင်လှိုင် ထွက်ပေါ်နေပြီး ဈေးနှုန်းမှာလည်း ထွက်ပေါ်စအချိန်မှ စတင်ပြီး ယခုအချိန်ထိ ဈေးနှုန်းကောင်းမွန်လျက် ရှိကြောင်း၊ မတ်ပဲအထွက်နှုန်းမှာလည်း ယခင်နှစ်ကထက် ပိုမိုထွက်ရှိ၍ အကျိုးအမြတ်များစွာရရှိ‌နေ ကြောင်း သိရသည်။

   ရေလိုက်မတ်ပဲများကို စိုက်ပျိုးရာကိုင်းမြေများသည် မြစ်မခမြစ်အတွင်း နုံးတင်မြေနုများပေါ် တွင် စိုက်ပျိုးခြင်းဖြစ်၍ အထွက်နှုန်းကောင်းမွန်ပြီး ယခင်နှစ်က ၁၅ တင်းနှုန်းထွက်ခဲ့ပြီး ယခုနှစ်တွင် ၂၅ တင်းနှုန်းနှင့်အထက် ထွက်ရှိကြောင်းသိရသည်။

   ရေလိုက်မတ်ပဲ စိုက်ပျိုးရာတွင် ထွန်ယက်စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ ကုန်ကျစရိတ်မှာ ထွန် ယက်ခ၊ သွင်းအားစု၊ ရိတ်သိမ်းချွေလှေ့ခ၊ သယ်ယူစရိတ်၊ လုပ်သားခအပါအဝင် စုစုပေါင်းတစ် ဧကလျှင် ၆၅၀,၀၀၀ ကျပ်ခန့် ကုန်ကျပြီး တစ်ဧကလျှင် ၂၅ တင်းနှုန်း ထွက်ရှိကြောင်း၊ တစ်တင်းလျှင် ငွေကျပ် ၁၀၀,၀၀၀ ရောင်းချရပြီး တစ်ဧကဝင်ငွေမှာ ငွေကျပ် ၂,၅၀၀,၀၀၀ ရရှိကြောင်း၊ အကျိုးအမြတ်အနေဖြင့် ငွေကျပ် ၁,၈၅၀,၀၀၀ ရရှိကြောင်း၊ ရေလိုက်မတ်ပဲသည် အစောဆုံးထွက်ရှိသော မတ်ပဲဖြစ်ပြီး နှစ်စဉ် ဈေးကောင်းရရှိကြောင်း၊ မတ်ပဲတစ်တင်းလျှင် ယခင်နှစ်တွင် ငွေကျပ် ၅၄,၀၀၀ ရရှိပြီး  ယခုနှစ်တွင် ၁၀၀,၀၀၀ ကျပ်ဖြင့် ရောင်းချရခြင်းကြောင့် အကျိုးအမြတ်များစွာရရှိကြောင်း တောင်သူများထံမှ သိရ သည်။

DOCA(ပဲခူး)

Local Trade News

Pages