ရွှေဘိုဈေးကွက်၌ ပဲတီစိမ်းဈေးနှုန်း အနည်းငယ်မြင့်တက်

Tue, 09/12/2023 - 05:06 -- mocadmin

   စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်သို့ပဲတီစိမ်းသီးနှံများ ဧပြီလနောက်ဆုံး ပတ်မှစတင်၍ ဝင်ရောက်ခဲ့ပြီး စက်တင်ဘာလပထမပတ်အတွင်း အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်း မှာ ပဲတီစိမ်း တစ်တင်းလျှင် (၅၄,၃၀ဝိ/-) ကျပ် ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်း အရောင်းအဝယ် ဖြစ်မှုမှာ (၉၀၀) တင်း၊ တန်အားဖြင့် (၂၉) တန် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ဩဂုတ်လ နောက်ဆုံးပတ်တွင် ပဲတီစိမ်း တစ်တင်းလျှင် (၅၀,၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့ရာ ဩဂုတ်လ နောက်ဆုံးပတ်နှင့် စက်တင်ဘာလ ပထမပတ် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းနှိုင်းယှဉ်ပါက  စက်တင်ဘာလ ပထမပတ်၌ ပဲတီစိမ်း တစ်တင်းလျှင် (၄,၀၀ဝိ/-) ကျပ် ဈေးနှုန်း ပိုမိုခဲ့ကြောင်း၊ လက်ရှိအချိန်တွင် ရွှေဘိုဈေးကွက်သို့ ပဲတီစိမ်းသီးနှံ ဝင်ရောက်မှု နည်းပါးသော်လည်း ဝင်ရောက် သမျှ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရသည်။

DOCA (စစ်ကိုင်း)

Local Trade News

Pages