ရွှေဘိုဈေးကွက်တွင် နှမ်းသီးနှံများ ဈေးကောင်းရ

Tue, 11/21/2023 - 06:53 -- mocadmin

   စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ ပဲ၊ နှမ်း ကုန်စည်ဒိုင်သို့ နှမ်း (ဖြူ) နှင့် နှမ်း (နက်) များ နိုဝင်ဘာလ တတိယပတ်မှစတင်၍ ဝင်ရောက်လာပြီး နိုဝင်ဘာလတတိယအပတ်တွင် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းများမှာ နှမ်း (ဖြူ) တစ်တင်းလျှင် (၁၁၀,၀၀ဝ) ကျပ် ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်း အရောင်းအဝယ်ဖြစ်မှု အနေဖြင့် (၁၈၀) တင်း/ တန်အားဖြင့် (၅)တန် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ နှမ်း(နက်)တစ်တင်းလျှင် (၁၀၈,၃၀ဝ) ကျပ် ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်း အရောင်းအဝယ်ဖြစ်မှု အနေဖြင့် (၁၅၀) တင်း/ တန်အားဖြင့် (၄) တန် အရောင်းအဝယ်ဖြစ်ကြောင်း၊ ယခင်နှစ်ကာလတူနှင့် အရောင်းအဝယ်ဖြစ်သည့် နှမ်းဈေးနှုန်းများ နှိုင်းယှဉ်ပါက ယခင်နှစ်တွင် နှမ်း (နက်) တစ်မျိုးတည်း သာ အရောင်းအဝယ်ဖြစ်ခဲ့ပြီး တစ်တင်းလျှင် (၈၅,၀၀ဝ) ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခုနှစ်တွင် ယခင်နှစ်ထက် နှမ်း (နက်) တစ်တင်းလျှင် (၂၃,၃၀ဝ) ကျပ် ပိုမိုရရှိခဲ့ကြောင်း သိရှိရသည်။

DOCA (စစ်ကိုင်း)