ရုံးပတီစိုက်ပျိုး ဝင်ငွေတိုး

Fri, 05/20/2022 - 07:18 -- admin_ygn

ပဲခူးတိုင်း‌ဒေသကြီး  သာယာဝတီခရိုင်  အုတ်ဖိုမြို့နယ်တွင် ရုံးပတီစိုက်ပျိုးခြင်း ဖြင့် တောင်သူများ ဝင်ငွေရရှိနေကြပြီဖြစ်သည်။ ရုံးပတီစိုက်ပျိုးခြင်းသည်ကုန်ကျစရိတ်နှင့်အချိန်ကုန်သက်သာသည်။ မျိုးစေ့ချ၍ စိုက်ပျိုးချိန်မှ ခူးဆွတ်ချိန်အထိ ရက် ၃၀ တွင် ခူးဆွတ်ရောင်းချနိုင်သည်။ စိုက်ခင်းကို ထွန်ယက်၍ မျိုးစေ့ချရန် ကျင်းတူးပြီး တစ်ကျင်းလျှင် အစေ့ သုံးစေ့ လေးစေ့ခန့်ထည့်၍ စိုက်ပျိုးကြသည်။ အပင်ကောင်း၍ ကြီးထွားပါက တစ်ပင်လျှင် ၁၀-၁၅ ခန့် ခူးဆွတ်ရရှိနိုင်သည်။ မြေကွက် တစ်ကျိုး စိုက်ပျိုးရာတွင် ၃၅၀ဝ ပင်အထိ စိုက်ပျိုးနိုင်ပြီး ရုံးပတီသီးတစ် ထောင့်လျှင် ဒေသပေါက်ဈေးအရ ၁၅ ကျပ်ခန့်ရှိပြီး ကုန်သည်ဝယ်ဈေးမှာ ၁၀ ကျပ် ခန့်ရှိသည်။ရုံးပတီသီး တစ်ဧကကုန်ကျစရိတ် ကျပ် ၇၉၈၄၀ဝ ခန့်ကုန်ကျပြီး ဝင်ငွေရရှိမှု မှာ  ကျပ် ၁၃၀ဝ၀ဝ၀ သိန်းခန့်ရရှိသည်။ တစ်ဧက အကျိုးအမြတ်အနေဖြင့် ငါးသိန်း ကျပ်ခန့် ရရှိနိုင်ခြင်း၊ ရက်တိုတိုဖြင့် ဝင်ငွေရရှိနိုင်ခြင်းတို့ကြောင့် စိုက်ပျိုးနေကြောင်း သိရှိရသည်။                                                                 
အေးဇော်ထိုက် (အုတ်ဖို)
 

Local Trade News

Pages