မိုးညိုမြို့နယ်တွင် မိုးကြိုနှမ်းများ ရိတ်သိမ်းလျက်ရှိပြီး အရောင်းအဝယ်ဖြစ်

Wed, 08/30/2023 - 15:32 -- mocadmin

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် မိုးညိုမြို့နယ်တွင် ယခုနှစ်မိုးနှမ်းစိုက်ဧက (၂၉,၅၄၈) ဧက စိုက်ပျိုးလျက်ရှိရာ မိုးကြိုနှမ်းများမှာ ၇ လပိုင်းမှ စတင်ထွက်ရှိပြီး ယခုအချိန်တွင် နှမ်းများ လှိုင်လှိုင်ထွက်ပေါ်လျက်ရှိကာ တောင်သူများအနေဖြင့် ထွက်ရှိလာသောနှမ်းများကို စားသုံးဆီအတွက် အနည်းငယ်ချန်ထားပြီး ကျန်နှမ်းများကို နှမ်းအမျိုးအစားလိုက်သော်လည်းကောင်း အစိုဓာတ် ပေါ်မူတည်၍လည်းကောင်း ၁၆ ပိဿာပါ တစ်တင်းလျှင် အနည်ဆုံး ၉၀,၀၀၀ ကျပ်မှ အများဆုံး ၁၀၂,၀၀၀ ကျပ်ဖြင့် ဝယ်ယူလျက်ရှိရာ တစ်နေ့လျှင် နှမ်းတင်းပေါင်း ၂၀၀ ခန့် မိုးညိုမြို့ရှိ ပွဲရုံများမှ ဝယ်ယူလျက်ရှိကြောင်း၊ ပွဲရုံများမှ ဝယ်ယူထားသော နှမ်းများကို အောင်လံပွဲရုံများသို့လည်းကောင်း၊ ပြည်မြို့ပွဲရုံများသို့လည်းကောင်း တင်ပို့ရောင်းချလျက်ရှိသည့်အပြင် ကွင်းအရောက်ဆင်း၍ ဝယ်ယူ ကြသော မန္တလေးဒေသမှ ပွဲစားများထံသို့လည်း ပြန်လည်ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

Local Trade News

Pages