မိတ္ထီလာကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်နေသော သီးနှံစျေးနှုန်းများ

Tue, 02/27/2024 - 03:31 -- mocadmin

   မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ မိတ္ထီလာကုန်စည်ဒိုင်တွင် ဆီထွက်သီးနှံများ၊ ပဲမျိုးစုံ သီးနှံများ၊ ဝါသီးနှံများ၊ စားဖိုဆောင်သီးနှံများ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ မိတ္ထီလာကုန်စည် ဒိုင်၌ ဖေဖော်ဝါရီလ၊ တတိယပတ်အတွင်း ဖြစ်ပေါ်နေသော ဆီထွက်သီးနှံဈေးနှုန်းများမှာ  နှမ်း(ညို) တစ်တင်းလျှင် ၉၈,၀၀၀-၁၀၀,၀၀၀ ကျပ်၊ နှမ်းဖြူတစ်တင်းလျှင် ၁၁၀,၀၀၀ ကျပ်၊ နေကြာစေ့ တစ်တင်းလျှင် ၄,၀၀၀-၄,၁၀၀ ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင် ၁၄,၀၀၀-၁၄,၅၀၀ ကျပ်၊ မြေပဲဆီ တစ်ပိဿာလျှင် ၁၄,၀၀၀-၁၄,၅၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်း၍ အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း၊ နေကြာဆီတစ်ပိဿာလျှင် ၁၃,၀၀၀ ကျပ်၊ နှမ်းဖတ် တစ်ပိဿာလျှင် ၂,၆၅၀ ကျပ်၊ ပဲဖတ်တစ်ပိဿာလျှင် ၃,၁၅၀ ကျပ်၊ နေကြာဖတ်တစ်ပိဿာလျှင် ၁,၉၀၀ ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

   ပဲမျိုးစုံသီးနှံဖြစ်သော ကုလားပဲ(V2) တစ်တင်းလျှင် ၈၈,၀၀၀-၉၀,၀၀၀ ကျပ်၊ ပဲစဉ်းငုံ(သစ်) တစ်တင်းလျှင် ၁၂၂,၀၀၀ ကျပ်နှင့် ထောပတ်ပဲ(သစ်) တစ်တင်းလျှင် ၁၃၅,၀၀၀-၁၄၀,၀၀၀ ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ငရုတ်သီး(သစ်)တစ်ပိဿာလျှင် ၈,၀၀၀-၉,၀၀၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာလျှင် ၂,၀၀၀-၂,၅၀၀ ကျပ်နှင့် မန်ကျည်းသီးအတောင့် တစ်ပိဿာလျှင် ၁,၈၀၀-၁,၉၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စည်ဒိုင်မှ သိရသည်။

DOCA(မန္တလေး)

Local Trade News

Pages