မကွေးနှင့် ရေနံချောင်းမြို့များရှိ ကြက်သွန်နီ အရောင်းအဝယ်ဖြစ်မှုအခြေအနေ

Tue, 03/12/2024 - 06:09 -- mocadmin

   မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးစျေးကွက်အတွင်းသို့ စားဖိုဆောင်သုံး သီးနှံတစ်မျိုးဖြစ်သည့် ကြက်သွန်နီများ ဝင်ရောက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိရာ ကြက်သွန်နီ တစ်ပိဿာလျှင် ဖေဖော်ဝါရီလ၊ နောက်ဆုံးပတ်တွင် ကျပ် ၂,၆၀၀-၂,၇၀၀-၂,၈၀၀ ဖြင့်လည်းကောင်း၊ မတ်လ၊ ပထမပတ်တွင်  ကျပ် ၁,၆၀၀-၂,၂၀၀-၂,၄၀၀ ဖြင့်လည်းကောင်း စျေးနှုန်းအနည်းငယ်ကျဆင်း၍ အ‌ရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊  ဈေးကွက်အနေဖြင့် ကြက်သွန်နီများကို ပွဲရုံများမှတစ်ဆင့် မင်းဘူး၊ သရက်၊ ကံမ၊ နတ်မောက်၊ ငဖဲမြို့များသို့ တင်ပို့ရောင်းချကြပြီး တစ်ရက်လျှင် ပိဿာချိန် ၁၀၀၀ ခန့်၊ တစ်ပတ်လျှင် ၉ တန်ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ပွဲရုံများမှသိရသည်။

   ရေနံချောင်းစျေးကွက်တွင်လည်း ဒေသထွက်ကုန်ဖြစ်သော ကြက်သွန်နီများ ဝင်ရောက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိရာ ကြက်သွန်နီတစ်ပိဿာလျှင် ဖေဖော်ဝါရီလ၊ နောက်ဆုံးပတ်တွင် ကျပ် ၁,၈၀၀-၂,၅၀၀-၂,၈၀၀ ဖြင့်လည်းကောင်း၊ မတ်လ၊ ပထမပတ်တွင် ကျပ် ၁,၆၀၀-၂,၂၀၀-၂,၄၀၀ ဖြင့်လည်းကောင်း စျေးနှုန်းအနည်းငယ်ကျဆင်း၍ အ‌ရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကြက်သွန်နီများကို ပွဲရုံများမှတစ်ဆင့် ရန်ကုန်၊ ပြည်၊ အောင်လံမြို့များသို့ တင်ပို့ရောင်းချ ကြပြီး တစ်နေ့လျှင် ပိဿာချိန် ၁၀၀၀၀ ခန့်၊ တစ်ပတ်လျှင် ၉၇ တန်ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ပွဲရုံများမှ သိရှိရသည်။

DOCA(မကွေး)

Local Trade News

Pages