ပြည်မြို့၏ မြေပဲကြံသကာ ထုတ်လုပ်မှုနှင့် အကျိုးအမြတ်

Wed, 02/08/2023 - 07:37 -- comsumer

          ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့အတွင်း ကြံများစိုက်ပျိုးလျက်ရှိရာ ယခုကာလသည် ကြံများ ခုတ်သိမ်းချိန်ရာသီဖြစ်၍ တောင်သူများမှာ သကြားစက်များသို့ တိုက်ရိုက်တင်ပို့ရောင်းချခြင်းများရှိ သကဲ့သို့ အချို့တောင်သူများမှာလည်း တစ်ပိုင်တစ်နိုင် ကြံသကာချက်လုပ်၍ ကြံသကာအဖြစ် ရောင်းချခြင်းနှင့် ကြံသကာပြုလုပ်သည့်ဖိုများသို့ ရောင်းချခြင်းများ ရှိကြောင်း သိရသည်။

     တစ်ပိုင်တစ်နိုင် ကြံသကာချက်လုပ်သူများအနေဖြင့် ကြံသကာချက်လုပ်ရာတွင် ကြံတစ်တန် လျှင် ကြံအရည်ပုံး ၃၀ ခန့် ရရှိပြီး တစ်တန်လျှင် ဒယ် ၃၀ ခန့် ချက်လုပ်ရပါကြောင်း၊ ကြံတစ်တန်ချက်လုပ် ကုန်ကျစရိတ်မှာ ၉၈၅၀၀ ကျပ်ခန့် ကုန်ကျကြောင်းနှင့်ကြံသကာပိဿာချိန် ၆၀ ထွက်ရှိပြီး ဝင်ငွေ အနေဖြင့် တစ်တန်လျှင် ၁၂၀၀၀၀ ကျပ် ရရှိပါက အကျိုးအမြတ်အနေဖြင့် ၂၁၅၀၀ ကျပ်ခန့် ရရှိကြောင်း၊ တစ်နေ့လျှင် ၄ တန်ကျ ချက်လုပ်နိုင်သဖြင့် တစ်နေ့အကျိုးအမြတ်အနေဖြင့် ၈၆၀၀၀ ကျပ်ခန့် ရရှိ ကြောင်း သိရသည်။ ချက်လုပ်ရရှိသော ရိုးရိုးကြံသကာများကို ဈေးကွက်အတွင်း တစ်ပိုင်တစ်နိုင် ရောင်းချသကဲ့သို့ အချို့မှာ တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်သော ကြံသကာဖိုများသို့ ရောင်းချ လျက်ရှိကြောင်း သိရသည်။

        တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်သော မြေပဲကြံသကာထုတ်လုပ်မှုအနေဖြင့် ကုန်ကြမ်း မှာ ကြံသကာ၊ သကြား၊ နှမ်း၊ ကပ်စေးနှင့်မြေပဲကို ပျစ်ခဲသည်အထိ ၁၅ မိနစ်ခန့် ကြိုချက်၍ ရရှိလာသော မြေပဲကြံသကာအား ပုံစံခွက်အတွင်းထည့်ကာ အနည်းငယ်အေးလာလျှင် မြေပဲကြံသကာအစိတ်များရရှိရန် စိတ်၍ ထုတ်ပိုးပြီး ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

        မြေပဲကြံသကာ တစ်ဒယ်ထုတ်လုပ်ကုန်ကျစရိတ်မှာ ကြံသကာ၊ သကြား၊ မြေပဲ ၅၀ ကျပ်သား နှမ်းနှင့်ပေါက်ပေါက် ၃၅ ကျပ်သား ကပ်စေး ၈၀ ကျပ်သား ဆန်မှုန့် ၄၅ ကျပ်သားဖြင့် စုစုပေါင်း ထုတ်လုပ်ကုန်ကျစရိတ် ၁၉၇၀၀ ကျပ်ခန့် ကုန်ကျကြောင်း၊ အကျိုးအမြတ်ရရှိမှုအနေဖြင့် တစ်ဒယ် လျှင် ၇ ပိဿာ ၆၀ ကျပ်သားရရှိရာ ဈေးနှုန်းအနေဖြင့် တစ်ပိဿာလျှင် ၂၇၀၀ ကျပ်ဖြင့် ရောင်းချရ ကြောင်း၊ ဝင်ငွေအနေဖြင့် ၂၀၅၂၀ ကျပ် ရရှိပြီး အကျိုးအမြတ် ၈၂၀ ကျပ်ခန့် ရရှိပါကြောင်း၊ တစ်နေ့ လျှင် ဒယ် ၄၂၀ ခန့် ကြိုချက်နိုင်ပါသောကြောင့် တစ်နေ့အကျိုးအမြတ် ၃၄၄၄၀၀ ကျပ်ခန့် ရရှိကြောင်း သိရသည်။

DOCA (ပဲခူး)

Local Trade News

Pages