ပြည်ဒေသထွက် ကိုင်းခရမ်းချဉ်သီး ဈေးကောင်းရ

Tue, 09/19/2023 - 03:57 -- mocadmin

   ပဲခူးတိုင်းဒေသကြီး၊ပြည်မြို့နယ်အတွင်းရှိကျေးရွာများဖြစ်သောတီတွဒ်ကျေးရွာ၊ ပေါင်းတလည်၊ ခွေးရဲကျေးရွာ၊ ရွှေတောင်မြို့နယ် စစ်ကိုင်းကျွန်း၊ မင်းတဲကျွန်း၊ ကျီးသဲနှင့် မြို့မ စသည့်ကျေးရွာများ မှ စိုက်ပျိုးထွက်ရှိသော ကိုင်းခရမ်းချဉ်သီးများကို ပြည်မြို့နယ်အတွင်းရှိ ဈေးကွက်များနှင့် ရန်ကုန် မြို့ရှိ ကုန်စိမ်းဈေးကွက်များသို့ တင်ပို့ရောင်းချကြကြောင်း၊ ဈေးနှုန်းအနေဖြင့် ခရမ်းချဉ်သီးနှံ စတင် ထွက်ပေါ်ချိန် ဖြစ်သည့်အတွက် ကိုင်းခရမ်းချဉ်သီး တစ်ပိဿာလျှင် ၃,၅၀၀-၄,၀၀၀ ကျပ် ဈေးနှုန်း များဖြင့် ရောင်းချရ၍ ဈေးကောင်းရနေကြောင်း သိရှိရသည်။

DOCA (ပဲခူး)

Local Trade News

Pages