ပြည်ကုန်စည်ဒိုင်၏ ပဲမျိုးစုံ ဈေးနှုန်းဈေးကွက်

Tue, 02/27/2024 - 03:32 -- mocadmin

   ပဲခူးတိုင်းဒေသကြီး၊ ပြည်ကုန်စည်ဒိုင်တွင် ပဲမျိုးစုံရောင်းဝယ်လျက်ရှိပြီး မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ကုလားပဲ၊ ပဲကြီး၊ ဘိုကိတ်ပဲနှင့် စားတော်ပဲသီးနှံများ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ပဲသီးနှံ ဈေးနှုန်းဈေးကွက်အနေဖြင့် ဖေဖော်ဝါရီ၊တတိယပတ်တွင် မတ်ပဲတစ်တင်းလျှင် ၉၇,၅၀၀ ကျပ်ဖြင့် ရန်ကုန်သို့ တစ်ရက်လျှင် ၃၅၀ အိတ်ခန့်၊  ပဲတီစိမ်းတစ်တင်းလျှင် ၇၃,၀၀၀ ကျပ်ဖြင့် မန္တလေးသို့ တစ်ရက်လျှင် ၂၀၀ အိတ်ခန့်၊  ပဲစင်းငုံတစ်တင်းလျှင် ၁၂၃,၀၀၀ ကျပ်ဖြင့် ရန်ကုန်သို့  တစ်ရက်လျှင် ၃၀၀ အိတ်ခန့်၊  ကုလားပဲ(HL) တစ်တင်းလျှင် ၉၆,၀၀၀ ကျပ်၊ ကုလားပဲ (မြကြေးမှုံ)တစ်တင်းလျှင် ၉၈,၀၀၀  ကျပ်ဖြင့် မြို့တွင်းပဲခွဲစက်သမားများသို့  တစ်ရက်လျှင် ၂၅၀ အိတ်ခန့်၊ ပဲကြီး(ရွှေကျွန်း) တစ်တင်းလျှင် ၁၂၅,၀၀၀ ကျပ်၊ ပဲကြီး(ကုန်းပဲ) တစ်တင်းလျှင် ၁၂၀,၀၀၀ ကျပ်ဖြင့် ပဲကြော်သမားများနှင့် မြို့တွင်းသို့ တစ်ရက်လျှင် ၂၅၀ အိတ်ခန့်၊ စားတော်ပဲ တစ်တင်းလျှင် ၁၂၀,၀၀၀ ကျပ်ဖြင့် မြို့တွင်းသို့ တစ်ရက်လျှင် ၅၀ အိတ်ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းနှင့် ဘိုကိတ်ပဲတစ်တင်းလျှင် ၇၅,၀၀၀ ကျပ်ဖြင့် မြို့တွင်းနှင့် ရန်ကုန်သို့ တစ်ရက်လျှင် ၁၀၀ အိတ်ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။

   ပြည်ကုန်စည်ဒိုင်၌ ဖေဖော်ဝါရီလ၊ တတိယအပတ်တွင် ပဲမျိုးစုံအရောင်းအဝယ်ဖြစ်မှု အနေဖြင့် မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်းတို့မှာ ဈေးနှုန်းကောင်းမွန်လျက်ရှိပြီး ကုလားပဲ၊ ပဲကြီး၊ ဘိုကိတ်နှင့် စားတော်ပဲ သီးနှံများမှာ အရောင်းအဝယ်‌အေးလျက်ရှိကြောင်း သိရသည်။

DOCA(ပဲခူး)

Local Trade News

Pages