ပေါက်ခေါင်းမြို့နယ်ရှိ ပဲနောက်သီးနှံများ စတင်ထွက်ပေါ်

Tue, 08/22/2023 - 07:02 -- comsumer

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ပဲနောက်သီးနှံကို မိုးဦးကာလများတွင် ဧကအနည်းငယ် စိုက်ပျိုးထားရှိရာ စိုက်ပျိုးပြီး(၃)လအကြာ (မိုးလယ်ကာလ)တွင် စတင်ထွက်ရှိကြောင်း သိရသည်။

အထွက်နှုန်းအနေဖြင့် ပဲနောက်သီးနှံ တစ်ဧကလျှင် (၁၀)တင်းနှုန်းခန့် ထွက်ရှိရာ ယခင်နှစ်နှင့်နှိုင်းယှဉ်လျှင် အထွက်နှုန်းနည်းကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် ကျပ် (၁၅၀၀၀၀-၂၀၀၀၀၀)ခန့် ကုန်ကျကြောင်း၊ ဈေးနှုန်းအနေဖြင့် ပဲနောက်တစ်တင်းလျှင် ပဲအရည်အသွေးအပေါ် မူတည်၍ အရည်အသွေးကောင်းလျှင် ကျပ်(၆၀၀၀၀)ခန့်ဖြင့်လည်းကောင်း၊ အရည်အသွေး အနည်းငယ်ညံ့လျှင် ကျပ်(၅၀၀၀၀)ခန့်ဖြင့် လည်းကောင်း နယ်ပွဲစားများမှ ဝယ်ယူလျက်ရှိကြောင်း သိရသည်။

DOCA (ပဲခူး)

 

Local Trade News

Pages