ပခုက္ကူကုန်စည်ဒိုင်၌ ပဲသီးနှံများ အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ပဲစင်းငုံ(နီ) ဈေးကောင်းရ

Tue, 09/19/2023 - 03:55 -- mocadmin

   မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ အညာဒေသတွင် ပဲစဉ်းငုံ(နီ)၊ ကုလားပဲ အမျိုးမျိုး၊ ပဲကြီး၊ ပဲယင်း၊ ပဲနီပြား၊ ပဲလွန်းပြာ၊ စွန်တာနီ စသည့် ပဲများအပြင် အခြားပဲမျိုးများကို လည်းစိုက်ပျိုးလျက်ရှိရာ အညာဒေသ၏ အဓိက စိုက်ပျိုးသီးနှံဖြစ်သည့် ပဲစင်းငုံ(နီ)မှာ ဈေးကောင်း ရနေကြောင်း ပခုက္ကူကုန်စည်ဒိုင်မှ သိရသည်။

   ပခုက္ကူကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်သည့် ပဲစင်းငုံ(နီ) ဈေးနှုန်းများအနေဖြင့် ဩဂုတ်လ (နောက်ဆုံးပတ်)တွင် ပဲစင်းငုံ(နီ) တစ်တင်းလျှင် ကျပ် ၁၀၉,၅၀၀-၁၁၁,၄၀၀၊ စက်တင်ဘာလ (ပထမပတ်) တွင် ပဲစင်းငုံ(နီ) တစ်တင်းလျှင်  ကျပ် ၁၂၃,၀၀၀-၁၂၄,၀၀၀ ဈေးနှုန်းများဖြင့် အရောင်း အဝယ်ဖြစ်နေကြောင်း၊ အရောင်းအဝယ်ဖြစ်မှုအနေဖြင့် ပခုက္ကူကုန်စည်ဒိုင်၌ စက်တင်ဘာလ (ပထမပတ်)တွင် ပဲတီစိမ်းသေး တစ်တင်းလျှင် ကျပ် ၆၁,၀၀၀၊ ပဲလွန်းပြာ တစ်တင်းလျှင် ကျပ် ၆၁,၀၀၀၊ နှမ်းဝါတစ်တင်းလျှင် ကျပ် ၁၁၅,၀၀၀၊ နှမ်းညိုတစ်တင်းလျှင် ကျပ် ၁၀၅,၀၀၀ ဈေးနှုန်း ဖြင့် ဥပုသ်နေ့မှလွဲ၍ ကျန်ရက်များတွင် အရောင်းအဝယ်ဖြစ်နေကြောင်း ကုန်စည်ဒိုင်မှ သိရသည်။ စက်တင်ဘာလ (ပထမပတ်) အတွင်း အရောင်းအဝယ်ဖြစ်ခဲ့သည့် အိတ်အရေအတွက် အနေဖြင့် ပဲစင်းငုံ (နီ) ၂၅၀၀ အိတ်၊ ပဲတီစိမ်းသေး ၇၅၀ အိတ်၊ နှမ်းဝါ ၅၀၀ အိတ်၊ နှမ်းညို ၇၀၀ အိတ် စသည်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး တင်ပို့မှုအနေဖြင့် မြန်မာပြည်အောက်ပိုင်းနှင့် ပြည်ပနိုင်ငံများဖြစ်သည့် အိန္ဒိယနှင့် တရုတ်သို့ တင်ပို့နိုင်ခဲ့ကြောင်း ကုန်သည်များထံမှ သိရသည်။

DOCA(မကွေး)   

Local Trade News

Pages