နတ်တလင်းမြို့နယ်ဒေသထွက် ပိန်းဥများ လှိုင်လှိုင်ထွက်ရှိ

Thu, 11/02/2023 - 03:39 -- mocadmin

   ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်အတွင်းရှိ သဲကုန်းကျေးရွာ၊ မြို့ခြံကျေးရွာ၊ သရက် တစ်ပင်ကျေးရွာများတွင် အောက်တိုဘာလမှစ၍ ပိန်းဥများလှိုင်လှိုင်ထွက်ရှိနေပြီး ပိန်းဥ(အလုံးကြီး) တစ်ပိဿာလက်လီ (၂,၅၀၀)ကျပ်၊ လက်ကား (၂,၀၀၀)ကျပ်နှင့် ပိန်းဥသားတက် တစ်ပိဿာလျှင် လက်လီ (၃,၀၀၀) ကျပ်၊ လက်ကား (၂,၅၀၀) ကျပ်နှုန်းဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ ပိန်းဥကို ဇူလိုင်လ ဒုတိယပတ်တွင် စတင်စိုက်ပျိုးပြီး အောက်တိုဘာလတွင် စတင်တူးဖော်ကြကြောင်း၊ ပိန်းဥ များ စိုက်ပျိုးရန်အတွက် မျိုးကို ယခင်နှစ်က တူးဖော်ထားရှိသော သားတက်များအား မျိုးအဖြစ်       ပြန်လည် အသုံးပြုပါကြောင်း၊ ပိန်းဥ (၀.၂၅) ဧက စိုက်ပျိုးရာတွင် (မျိုး၊ မြေပြုပြင်ခ၊ စိုက်ခ၊ ပေါင်း မြက်ရှင်းခ၊ ဓာတ်မြေဩဇာ၊ တူးဖော်ခ၊ နွှာခ)စုစုပေါင်းကုန်ကျစရိတ် (၃၄၀,၀၀၀)ကျပ်ခန့် ကုန်ကျပါ ကြောင်း၊ (၀.၂၅) ဧကတွင် ပိန်းဥအကြီး ပိဿာ (၃၀၀) ခန့်နှင့် သားတက် ပိဿာ (၃၀) ခန့်ထွက်ရှိ သောကြောင့် တောင်သူအကျိုးအမြတ်အနေဖြင့် ကျပ်(၃၀၀,၀၀၀)ခန့် ရရှိကြောင်း၊ ထွက်ရှိလာသော ပိန်းဥများကို ဒေသတွင်းမြို့နယ်များတွင် ရောင်းချရန်နှင့်ရန်ကုန်မြို့သို့ တင်ပို့ရောင်းချရန် ကုန်သည် များမှ အိမ်အရောက်ဝယ်ယူမှုများရှိကြောင်း သိရှိရသည်။

DOCA(ပဲခူး)

Local Trade News

Pages