တနင်္သာရီတိုင်းဒေသကြီးရှိ ဂျင်း (သွေးဂုံး) သားပေါက်များ ဈေးကောင်းရလျက်ရှိ

Thu, 02/23/2023 - 04:25 -- comsumer

        တနင်္သာရီတိုင်း‌ဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်အတွင်းရှိ ကျေးရွာ ၁၆၀ ကျော်အနက် နုန်းမြေကောင်းသည့် ကျေးရွာအများစုတွင် ဂျင်း(သွေးဂုံး)ကို စီးပွားဖြစ်ကျယ်ကျယ်ပြန့်ပြန့် မွေးမြူ လာပြီး ဂျင်း (သွေးဂုံး)သားပေါက်များ စျေးကောင်းရလျက်ရှိကြောင်း သိရသည်။

     ဂျင်း(သွေးဂုံး)သားပေါက်တို့သည် ရေကန်တောင်ကျေးရွာတွင်အများဆုံး ထွက်လေ့ရှိပြီး ဂျင်း (သွေးဂုံး)မွေးမြူခြင်းလုပ်ငန်းအတွက် သားပေါက်များ အများအပြားဝယ်ယူပြီး ပြန်လည်ရောင်းချလျက် ရှိကြောင်း၊ ယခုနှစ်တွင် ဂျင်း(သွေးဂုံး) သားပေါက်ရှားပါးခြင်းနှင့် အများအပြားဝယ်ယူခြင်းကြောင့် ဈေးတက်သွားခြင်းဖြစ်ကြောင်း၊ ယခင်က တစ်ခြင်းလျှင် အထိုင်ဈေး ကျပ်(၂)သိန်းကျော်သာရှိပြီး ဂျင်း  (သွေးဂုံး)သားပေါက် အရနည်းခြင်း၊ စောင့်ဆိုင်းရခြင်းကြောင့် တစ်ဆင့်ခံရောင်းချသူများက ကျပ်(၄) သိန်းကျော်ဖြင့် ပြန်လည်ရောင်းချနေခြင်းဖြစ်ကြောင်း သိရသည်။

         ဈေးကွက်အနေဖြင့် ယခင်နှစ် ဇန်နဝါရီလနှင့်ဖေဖော်ဝါရီလများတွင် ဂျင်း(သွေးဂုံး)သားပေါက် (၂၅ကီလိုပါ) တစ်ခြင်းလျှင် ကျပ် (၂) သိန်းခန့်သာ ဈေးရှိခဲ့ပြီး လက်ရှိအချိန်တွင် ကျွန်းစုမြို့နယ်၌ ဂျင်း(သွေးဂုံး)သားပေါက်(၂၅ကီလိုပါ)တစ်ခြင်းလျှင် ကျပ်(၄)သိန်းကျော်အထိ ပေါက်ဈေးရှိပြီး ဈေးကောင်းရ လျက်ရှိကြောင်း၊ ဂျင်း(သွေးဂုံး) သားပေါက် တစ်ကီလိုလျှင် ကျပ်(၁၈၀၀၀ မှ ၃၀၀၀၀)ခန့် ရှိပြီး စျေးကွက်ဝင် ဂျင်း(သွေးဂုံး)အကောင်ကြီး တစ်ကီလိုလျှင် ကျပ်(၆၅၀၀)ခန့်ရှိကြောင်း သိရသည်။ ဈေးကွက်အနေဖြင့် အိမ်နီးချင်းနိုင်ငံဖြစ်သော ထိုင်းနိုင်ငံသို့ မောတောင်နယ်စပ်ဂိတ်မှတစ်ဆင့် အများဆုံး တင်ပို့ရောင်းချ လျက်ရှိကြောင်း သိရသည်။

DOCA (တနင်္သာရီ)

Local Trade News

Pages