စစ်ကိုင်းတိုင်းအတွင်း ဖြစ်ပေါ်နေသော စပါး/ ဆန် ဈေးနှုန်းနှင့် စီးထွက်မှုအခြေအနေ

Tue, 09/12/2023 - 05:03 -- mocadmin

         စစ်ကိုင်းတိုင်းဒေသကြီး၏  ဆန်ပိုဒေသများဖြစ်သော ကလေး၊ ကသာ၊ ကန့်ဘလူ၊ ရွှေဘိုနှင့် ရေဦးခရိုင်များအနက် ရွှေဘိုခရိုင်နှင့် ရေဦးခရိုင်တို့တွင် ဧရာမင်းစပါး လက်ကျန်မရှိသလောက် နည်း ပါးနေကြောင်း၊ ကန့်ဘလူခရိုင်၌ စပါးဈေးနှုန်း အနည်းငယ်ကျဆင်းပြီး ကလေးခရိုင်တွင် စပါးဈေးနှုန်း အနည်းငယ်မြင့်တက်နေကာ ကျန်ခရိုင်များတွင် စပါးဈေးနှုန်း တည်ငြိမ်နေကြောင်း သိရသည်။

          စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စက်တင်ဘာလ ပထမပတ်တွင် ဖြစ်ပေါ်နေသော စပါး၊ ဆန် ဈေးနှုန်းများမှာ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်မှ ရွှေဘိုပေါ်ဆန်း (စပါး) တင်း ၁၀၀ လျှင် ကျပ် ၃,၇၀၀,၀၀၀၊ ပေါ်ဆန်း(ဆန်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ၁၂၅,၀၀၀ ကျပ်၊ ဧရာမင်း(ဆန်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ၁၃၈,၀၀၀ ကျပ်၊ နွေစပါး(ရွှေဝါထွန်း) စပါးတင်း ၁၀၀ လျှင် ကျပ် ၁,၉၀၀,၀၀၀၊  နွေစပါး (ရွှေဝါထွန်း)(ဆန်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၈၀,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေ ကြောင်း၊ ရေဦးခရိုင်၊ ရေဦးမြို့နယ်မှ ပေါ်ဆန်း(စပါး)တင်း ၁၀၀ လျှင် ကျပ် ၃,၇၀၀,၀၀၀၊ ပေါ်ဆန်း (ဆန်) တစ်အိတ်လျှင် ကျပ် ၁၂၅,၀၀၀၊  ဧရာမင်း (ဆန်) ၂၄ ပြည်ပါ တစ်အိတ် ၁၃၈,၀၀၀ ကျပ်၊ နွေစပါး(ရွှေဝါထွန်း) စပါးတင်း ၁၀၀ လျှင် ကျပ် ၁,၉၀၀,၀၀၀၊  နွေစပါး(ရွှေဝါထွန်း)(ဆန်)၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၈၀,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

          ကလေးခရိုင်၊ ကလေးမြို့နယ်မှ ဧည့်မထ (စပါး) တင်း ၁၀၀ လျှင် ၃,၂၀၀,၀၀၀၊ ဧည့်မထ (ဆန်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၂၀,၀၀၀၊ ငစိန် (စပါး) တင်း ၁၀၀ လျှင် ၃,၁၀၀,၀၀၀၊ ငစိန် (ဆန်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ၁၁၀,၀၀၀၊ ဧရာမင်း(စပါး)တင်း ၁၀၀ လျှင် ကျပ် ၃,၅၀၀,၀၀၀၊ ဧရာမင်း(ဆန်)၂၄ ပြည်ပါ တစ်အိတ်လျှင်ကျပ် ၁၃၀,၀၀၀၊ နွေစပါး(ဒေသမျိုး)(စပါး)တင်း ၁၀၀ လျှင် ကျပ် ၁,၁၅၀,၀၀၀၊ နွေစပါး(ဒေသမျိုး)(ဆန်) ၂၄ ပြည်ပါ တစ်အိတ်မှာ ကျပ် ၈၇,၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်မှ မှော်ဘီ- ၂ (စပါး) တင်း ၁၀၀ လျှင် ကျပ် ၁,၉၅၀,၀၀၀၊ မှော်ဘီ-၂ (ဆန်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၈၁,၀၀၀၊ ဆင်းဧကရီ-၃ (စပါး) တင်း ၁၀၀ လျှင် ကျပ် ၂,၁၀၀,၀၀၀၊ ဆင်းဧကရီ-၃ (ဆန်) ၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၈၅,၀၀၀၊ ဧရာမင်း (စပါး)တင်း ၁၀၀ လျှင် ကျပ် ၂,၄၀၀,၀၀၀၊ ဧရာမင်း(ဆန်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၁၀,၀၀၀၊ နွေစပါး(ဆင်း-၃)(စပါး)တင်း ၁၀၀ လျှင် ကျပ် ၁,၃၀၀,၀၀၀၊ နွေစပါး (ဆင်း-၃) (ဆန်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၆၅,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်း(စပါး)တင်း ၁၀၀ လျှင် ကျပ် ၃,၃၀၀,၀၀၀၊  ဧရာမင်း (ဆန်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၄၅,၀၀၀၊ ပေါ်ဆန်း(စပါး)တင်း ၁၀၀ လျှင် ကျပ် ၃,၇၀၀,၀၀၀၊  ပေါ်ဆန်း (ဆန်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၅၀,၀၀၀၊ မနောသုခ(စပါး) တင်း ၁၀၀လျှင် ကျပ် ၂,၆၀၀,၀၀၀၊ မနောသုခ(ဆန်)၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၉၅,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ် နေကြောင်း၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ဧရာမင်း (စပါး)တင်း ၁၀၀ လျှင်ကျပ် ၃,၀၀၀,၀၀၀၊  ဧရာမင်း (ဆန်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၃၀,၀၀၀၊ ပေါ်ဆန်း(စပါး) တင်း ၁၀၀ လျှင် ကျပ် ၃,၅၀၀,၀၀၀၊ ပေါ်ဆန်း (ဆန်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၂၄,၀၀၀၊ နွေစပါး (ရွှေဝါထွန်း) (စပါး)တင်း ၁၀၀ လျှင်ကျပ် ၁,၈၀၀,၀၀၀၊  ရွှေဝါထွန်း (ဆန်) ၂၄ ပြည် တစ်အိတ်လျှင်ကျပ် ၈၀,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီး/ ပြည်နယ်များသို့ ဆန်စီးထွက်မှုမှာ ဩဂုတ်လ (နောက်ဆုံးပတ်) တွင် ရန်ကုန်သို့ အိတ်ရေ ၁၅,၀၀၀၊ မန္တလေးသို့ အိတ်ရေ ၂၉,၁၀၀၊ မကွေးသို့ အိတ်ရေ ၆၀၀၊ နေပြည်တော်သို့ အိတ်ရေ ၅,၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၄,၅၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၄,၅၀၀၊ ကချင်သို့အိတ်ရေ ၅၀၀၊ စုစုပေါင်း အိတ်ရေ (၅၉,၂၀၀) အိတ်/ တန်အားဖြင့် (၂,၉၆၀) တန် စီးထွက်ခဲ့ပြီး စက်တင်ဘာလ (ပထမပတ်) တွင် ရန်ကုန်သို့ အိတ်ရေ ၁၁,၀၀၀၊ မန္တလေးသို့ အိတ်ရေ ၂၃,၇၀၀၊ မကွေးသို့ အိတ်ရေ ၆၀၀၊ နေပြည်တော်သို့ အိတ်ရေ ၅,၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၃,၅၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၃,၅၀၀၊ ကချင်သို့ အိတ်ရေ ၂၀၀၊ စုစုပေါင်းအိတ်ရေ (၄၇,၅၀၀) အိတ်/တန်အားဖြင့် (၂,၃၇၅) တန် စီးထွက်ခဲ့ကြောင်း သိရှိရသည်။

DOCA (စစ်ကိုင်း)

Local Trade News

Pages