စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော စပါး၊ ဆန်‌ဈေးနှုန်းများနှင့် စီးထွက်မှု

Thu, 09/21/2023 - 03:47 -- mocadmin

    စစ်ကိုင်းတိုင်းဒေသကြီး၏ ဆန်ပိုဒေသများဖြစ်သော ကလေး၊ ကသာ၊ ကန့်ဘလူ၊ ရွှေဘိုနှင့် ရေဦးခရိုင်များအနက် ရွှေဘိုနှင့် ရေဦးခရိုင်များတွင် ဧရာမင်းစပါး လက်ကျန်မရှိသလောက်နည်းပါး နေကြောင်း၊ ခရိုင်အားလုံး၌ စပါး၊ ဆန်ဈေးနှုန်းများ အနည်းငယ်ကျဆင်းနေပြီး ကန့်ဘလူခရိုင်နှင့် ကသာခရိုင်တို့တွင် ဈေးအေးနေကြောင်း သိရသည်။စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စက်တင်ဘာလ (ဒုတိယပတ်) တွင် ဖြစ်ပေါ်နေသော စပါး၊ ဆန် ဈေးနှုန်းများမှာ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်ရှိ ရွှေဘိုပေါ်ဆန်း (စပါး) တင်း ၁၀၀ လျှင် ကျပ် ၃,၇၀၀,၀၀၀၊ ပေါ်ဆန်း(ဆန်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ၁၂၅,၀၀၀ ကျပ်၊ ဧရာမင်း(ဆန်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ၁၃၀,၀၀၀ ကျပ်၊ နွေစပါး(ရွှေဝါထွန်း) စပါးတင်း ၁၀၀ လျှင် ကျပ် ၁,၉၀၀,၀၀၀၊  နွေစပါး(ရွှေဝါထွန်း) (ဆန်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၈၀,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေ ကြောင်း၊ ရေဦးခရိုင်၊ ရေဦးမြို့နယ်တွင် ပေါ်ဆန်း (စပါး) တင်း ၁၀၀ လျှင် ကျပ် ၃,၇၀၀,၀၀၀၊ ပေါ်ဆန်း(ဆန်) ၂၄ ပြည်ပါ တစ်အိတ်လျှင်ကျပ် ၁၂၅,၀၀၀၊ ဧရာမင်း(ဆန်) ၂၄ ပြည်ပါတစ်အိတ်လျှင် ၁၃၀,၀၀၀ ကျပ်၊ နွေစပါး (ရွှေဝါထွန်း)တင်း ၁၀၀ လျှင် ကျပ် ၁,၉၀၀,၀၀၀၊ နွေစပါး(ရွှေဝါထွန်း)ဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၈၀,၀၀၀ များဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

    ကလေးခရိုင်၊ ကလေးမြို့နယ်တွင် ဧည့်မထ (စပါး) တင်း ၁၀၀ လျှင် ၃,၂၀၀,၀၀၀၊ ဧည့်မထ (ဆန်) ‌၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၁၀,၀၀၀၊ ငစိန်(စပါး)တင်း ၁၀၀ လျှင် ၃,၁၀၀,၀၀၀၊ ငစိန် (ဆန်) ၂၄ ပြည်ပါတစ်အိတ်လျှင် ၁၀၀,၀၀၀၊ ဧရာမင်း(စပါး)တင်း ၁၀၀ လျှင် ကျပ် ၃,၅၀၀,၀၀၀၊ ဧရာမင်း (ဆန်) ၂၄ ပြည်ပါတစ်အိတ်လျှင် ကျပ် ၁၂၀,၀၀၀၊ နွေစပါး(ဒေသမျိုး)(စပါး) တင်း ၁၀၀ လျှင် ကျပ် ၁,၁၀၀,၀၀၀၊ နွေစပါး(ဒေသမျိုး)(ဆန်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၈၅,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်တွင် မှော်ဘီ-၂ (စပါး)တင်း ၁၀၀ လျှင် ကျပ် ၁,၉၅၀,၀၀၀၊ မှော်ဘီ-၂ (ဆန်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၈၁,၀၀၀၊ ဆင်းဧကရီ-၃ (စပါး) တင်း ၁၀၀ လျှင် ကျပ် ၂,၁၀၀,၀၀၀၊ ဆင်းဧကရီ-၃ ဆန် ၂၄ ပြည်ပါတစ်အိတ်လျှင် ကျပ် ၈၅,၀၀၀၊ ဧရာမင်း(စပါး)တင်း ၁၀၀ လျှင် ကျပ် ၂,၄၀၀,၀၀၀၊ ဧရာမင်း(ဆန်) ၂၄ ပြည်ပါတစ်အိတ် လျှင် ကျပ် ၁၁၀,၀၀၀၊ နွေစပါး(ဆင်း-၃) (စပါး) တင်း ၁၀၀ လျှင် ကျပ် ၁,၃၀၀,၀၀၀၊ နွေစပါး (ဆင်း-၃) (ဆန်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၆၅,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

    မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်း (စပါး) တင်း ၁၀၀ လျှင် ကျပ် ၃,၂၀၀,၀၀၀၊ ဧရာမင်း (ဆန်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၃၀,၀၀၀၊ ပေါ်ဆန်း(စပါး) တင်း ၁၀၀ လျှင် ကျပ် ၃,၂၀၀,၀၀၀၊ ပေါ်ဆန်း(ဆန်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၂၅,၀၀၀၊ မနောသုခ(စပါး) တင်း ၁၀၀ လျှင် ကျပ် ၂,၅၀၀,၀၀၀၊ မနောသုခ(ဆန်)၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၉၀,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေ ကြောင်း၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင်  ဧရာမင်း(စပါး)တင်း ၁၀၀ လျှင် ကျပ် ၃,၀၀၀,၀၀၀၊ ဧရာမင်း (ဆန်)၂၄ ပြည်ပါတစ်အိတ်လျှင် ကျပ် ၁၃၀,၀၀၀၊ ပေါ်ဆန်း(စပါး) တင်း ၁၀၀ လျှင် ကျပ် ၃,၅၀၀,၀၀၀၊ ပေါ်ဆန်း(ဆန်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၂၄,၀၀၀၊ နွေစပါး ရွှေဝါထွန်း(စပါး) တင်း ၁၀၀ လျှင် ကျပ် ၁,၈၀၀,၀၀၀၊ ရွှေဝါထွန်း (ဆန်)၂၄ ပြည်ပါတစ်အိတ်လျှင် ကျပ် ၈၀,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

    စက်တင်ဘာလ(ပထမပတ်)တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီး/ပြည်နယ် များသို့  ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၁၁,၀၀၀၊ မန္တလေးသို့ အိတ်ရေ ၂၃,၇၀၀၊ မကွေးသို့ အိတ်ရေ ၆၀၀၊ နေပြည်တော်သို့ အိတ်ရေ ၅,၀၀၀၊ ရှမ်း (တောင်) သို့ အိတ်ရေ ၃,၅၀၀၊ ရှမ်း(မြောက်) သို့ အိတ်ရေ ၃,၅၀၀၊ ကချင်သို့ အိတ်ရေ ၂၀၀၊ စုစုပေါင်းအိတ်ရေ (၄၇,၅၀၀) အိတ်၊ တန်အားဖြင့် (၂,၃၇၅) စီးထွက်ခဲ့ပြီး စက်တင်ဘာလ (ဒုတိယပတ်)တွင် ရန်ကုန်သို့ အိတ်ရေ ၁၇,၅၀၀၊ မန္တလေးသို့ အိတ်ရေ ၂၉,၆၀၀၊ မကွေးသို့ အိတ်ရေ ၆၀၀၊ နေပြည်တော်သို့ အိတ်ရေ ၆,၀၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၄,၅၀၀၊ ရှမ်း(မြောက်)သို့အိတ်ရေ ၄,၅၀၀၊ စုစုပေါင်း အိတ်ရေ (၆၂,၇၀၀)အိတ်၊ တန်အား ဖြင့် (၃,၁၃၅) စီးထွက်ခဲ့သည့်အတွက် ယခင်ပတ်နှင့်နှိုင်းယှဉ်လျှင် ယခုပတ်တွင် အိတ်ရေ (၁၅,၂၀၀) တန်အားဖြင့် (၇၆၀) ပိုမို စီးထွက်ခဲ့ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

Local Trade News

Pages