ကြက်သွန်ဖြူများ စျေးကောင်းရရှိ၍ အကျိုးအမြတ်ရရှိ

Thu, 03/14/2024 - 04:42 -- mocadmin

   မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိက လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ကြက်သွန်ဖြူ သီးနှံကိုလည်း စိုက်ပျိုးလျက်ရှိကြောင်း၊ ခရိုင်အတွင်း ကြက်သွန်ဖြူ ၁၈၆ ဧက စိုက်ပျိုးထားရှိပြီး မတ်လဆန်းမှ စတင်၍ တူးဖော်လျက်ရှိကြောင်း သိရသည်။

   ကြက်သွန်ဖြူစိုက်ပျိုးရာတွင် ဗမာကြက်သွန်ဖြူ မျိုးများကိုသာ အများဆုံး စိုက်ပျိုးကြပြီး တစ်ဧကလျှင် မျိုး ၆၀ ပိဿာခန့် စိုက်ပျိုးရကြောင်း၊ တစ်ဧကလျှင် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် စုစုပေါင်း ၁,၅၀၀,၀၀၀ ကျပ်ခန့် ကုန်ကျပြီး အထွက်နှုန်း အနေဖြင့် တစ်ဧကလျှင် ကြက်သွန်ဖြူ ၈၀၀၀ ပိဿာခန့် ထွက်ရှိကြောင်း၊ စျေးနှုန်းအနေဖြင့် ကြက်သွန်ဖြူ တစ်ပိဿာလျှင် ၁၀,၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဝင်ငွေအနေဖြင့် ၈,၀၀၀,၀၀၀ ကျပ်ခန့် ရရှိကာ ၆,၀၀၀,၀၀၀ ကျော်ခန့် အကျိုးအမြတ်ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် ပွဲစားများမှ ကျေးရွာများသို့ လာရောက်ဝယ်ယူ၍ အ‌ရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ကြက်သွန်ဖြူ ဈေးနှုန်းများမှာ ယခင်နှစ်ထက် စျေးနှုန်းပိုမိုကောင်းမွန်သောကြောင့် အကျိုးအမြတ်များ ပိုမိုရရှိကြောင်း ကြက်သွန်ဖြူစိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

DOCA (မန္တလေး)

Local Trade News

Pages