ကျောက်ဆည်ခရိုင်တွင် ပဲကြီးအစိုများ စတင်ထွက်ပေါ်လျက်ရှိ

Wed, 03/06/2024 - 03:57 -- mocadmin

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် စပါး၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံမျိုးများ စိုက်ပျိုးသည့်အပြင် စားဖိုဆောင်သီးနှံများကိုလည်း မိသားစုအပိုဝင်ငွေရရှိရေးအတွက် ရာသီအလိုက် စိုက်ပျိုးကြကြောင်း၊ ပဲကြီးသီးနှံကို ယခင်က လယ်ကန်သင်းရိုးများတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြပြီး ယခုအချိန်တွင် ယာမြေ၊ လယ်မြေနှင့် ကိုင်းကျွန်းမြေများတွင်လည်း အများအပြားစိုက်ပျိုးလာကြ ကြောင်း၊ ကျောက်ဆည်ခရိုင်တွင်ပဲကြီးသီးနှံ ၁၄၃၅ ဧကစိုက်ပျိုးထားကြောင်း ခရိုင်လယ်ယာမြေ စီမံ ခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။

          ပဲကြီးသီးနှံကို အောက်တိုဘာလတွင် စတင်စိုက်ပျိုးကြပြီး ဖေဖော်ဝါရီလနှင့် မတ်လများတွင် ရိတ်သိမ်းရရှိကြောင်း၊ စိုက်ပျိုးပြီး ၄ လခန့်အကြာ ပဲကြီးသီးနှံများ ရင့်မှည့်လာချိန်တွင် တောင်သူ အများစုမှာ ပဲကြီးအစိုများကို ခူးဆွတ်ရောင်းချကြကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် တစ်ဧကလျှင် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း ၅၀၀,၀၀၀ ကျပ်ခန့်ကုန်ကျပြီး ဈေးနှုန်းအနေဖြင့် ပဲကြီးသီးနှံ ပေါ်ဦးပေါ်စအချိန်တွင် ပဲကြီးအစို တစ်ပြည်လျှင် ၄,၀၀၀ ကျပ်ဖြင့်လည်းကောင်း၊ ပဲကြီး အခြောက်တစ်တင်းလျှင် ၁၁၀,၀၀၀ ကျပ်ဖြင့်လည်းကောင်း ရောင်းချကြကြောင်း၊ ပဲကြီးသီးနှံစိုက်ပျိုး ခြင်းဖြင့် တောင်သူများ မိသားစုအပိုဝင်ငွေရရှိရုံသာမက ကျွဲစာ၊ နွားစာများ ဖူလုံစွာရရှိသောကြောင့် ပိုမိုတိုးချဲ့စိုက်ပျိုးသင့်သည့် သီးနှံဖြစ်ကြောင်း သိရသည်။

DOCA(မန္တလေး)

Local Trade News

Pages