ကျောက်ဆည်ခရိုင်တွင် ကြက်သွန်နီများ စတင်စိုက်ပျိုး

Tue, 09/26/2023 - 05:00 -- mocadmin

   မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် စားဖိုဆောင်သီးနှံ တစ်မျိုးဖြစ်သည့် ကြက်သွန်သီးနှံကို ခရိုင်အတွင်း (၁၉၉၄) ဧက စိုက်ပျိုးရန် လျာထားလျက်ရှိကြောင်း လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဌာန၏ စာရင်းများအရ သိရသည်။ စက်တင်ဘာလ (တတိယပတ်)မှစ၍ ကြက်သွန်နီများကို မြစ်သားမြို့နယ်အတွင်းရှိ ကသဲကုန်းကျေးရွာ၊ ထနောင်းကုန်းကျေးရွာနှင့် ရွှေကြာအင်းကျေးရွာများတွင် စတင်စိုက်ပျိုးလျက်ရှိကြောင်း၊ စိုက်ပျိုးမှု ကုန်ကျစရိတ် အနေဖြင့် တစ်ဧကလျှင် (၁,၅၀၀,၀၀၀) ကျပ် ခန့်ကုန်ကျကြောင်း၊ မျိုးအနေဖြင့် ရွှေဖလားမျိုးနှင့် ရွှေဖလား ထိပ်မောက်မျိုးများကို အများဆုံး စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးမှုနည်းလမ်းများအနေဖြင့် ပျိုးထောင် စိုက်ပျိုးခြင်းများ ရှိသကဲ့သို့ ပျိုးထောင်ချိန် မရသော တောင်သူများမှာ ပျိုးပင်တစ်ဘောင်လျှင် (၂၀၀,၀၀၀) ကျပ်ဖြင့် ပျိုးပင်များ ဝယ်ယူ၍ စိုက်ပျိုးရကြောင်း၊ ရာသီဥတုအနေဖြင့် မိုးရွာသွန်းမှုများ ရှိသောကြောင့် ကြက်သွန်နီ စိုက်ပျိုးမှုအတွက် အထောက်အကူဖြစ်ရာ ကြက်သွန်နီစိုက်ပျိုးမှု အကောင်းဆုံးအချိန်ဖြစ်ကြောင်း စိုက်ပျိုးသူတောင်သူတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။

DOCA (မန္တလေး)

Local Trade News

Pages