ကျားခေါင်းငရုတ်မျိုးများ စတင်ထွက်ရှိ

Thu, 03/07/2024 - 06:11 -- mocadmin

   မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိက ထားလုပ်ကိုင်လျက်ရှိပြီး သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ စားဖိုဆောင်သီးနှံ တစ်မျိုးဖြစ်သော ငရုတ် သီးနှံကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ၅၈၁၀ ဧက စိုက်ပျိုးထားရှိကြောင်း ခရိုင်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။

   ငရုတ်သီးနှံ စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် တစ်ဧကလျှင် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါ အဝင် စုစုပေါင်းကျပ် ၁၅ သိန်းခန့်ကုန်ကျကြောင်း၊ ငရုတ်မျိုးများအနေဖြင့် ၆၉၂ ငရုတ်မျိုးနှင့် ကျား ခေါင်းမျိုးများကို အများဆုံးစိုက်ပျိုးကြပြီး ယခုအချိန်တွင် ကျားခေါင်းငရုတ်သီးများ စတင်ထွက်ပေါ် လျက်ရှိကြောင်း၊ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ၅ ရက်ခြားတစ်ကြိမ် ခူးဆွတ်မှုမှာ ၁၀ တင်း နှုန်း၊ ပိဿာအားဖြင့် ၈၀ ပိဿာခန့်ထွက်ရှိပြီး ငရုတ်သီးအစို တစ်ပိဿာလျှင် ၂၃၀၀-၂၄၀၀ ကျပ် စျေးနှုန်းများဖြင့် ရောင်းချရကြောင်း၊ ဈေးကွက်အနေဖြင့် ငရုတ်သီးအစိုများကို ငရုတ်စိုက်ခင်းများ အထိ လာရောက်ဝယ်ယူမှုများရှိသကဲ့သို့ နီးစပ်ရာပွဲရုံများသို့လည်း တင်ပို့ရောင်းချကြကြောင်း၊ ငရုတ် စတင်ထွက်ပေါ်ချိန်မှ ငရုတ်သီးအခင်းဖြတ်သိမ်းချိန်အထိ ပိဿာ ၈၀၀-၉၀၀ အထိ ထွက်ရှိနိုင်ပြီး ငရုတ်သီးအရည်အသွေးနှင့် ဈေးနှုန်းများကောင်းမွန်ပါက အကျိုးအမြတ် ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း ငရုတ်စိုက်တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။

DOCA(မန္တလေး)

Local Trade News

Pages