ကံမမြို့နယ်မှ ထွက်ရှိသည့် ပဲတီစိမ်းနှင့် မတ်ပဲဈေးနှုန်းဈေးကွက်

Thu, 12/14/2023 - 08:29 -- comsumer

      မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်အတွင်းရှိ လိပ်ဒုံး၊ ပြောင်ကျ၊ ပယ်ကျ၊ ဒန်းကိုင်း၊ ထန်းတပင်၊ ရွှေစင်၊ အလယ်ရွာ စသည့်ကျေးရွာများတွင် ပဲမျိုးစုံသီးနှံများကို စိုက်ပျိုးလျက် ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ နိုဝင်ဘာလကုန်အထိ ပဲသီးနှံစိုက်ပျိုးမှုအနေဖြင့် ပဲတီစိမ်းသီးနှံ (၂၀၃၆)ဧကနှင့် မတ်ပဲသီးနှံ(၂၁၉၉၅)ဧက အောင်မြင်စွာ စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

        ပဲသီးနှံဈေးနှုန်းများအနေဖြင့် နိုဝင်ဘာလ(စတုတ္ထပတ်)တွင် ပဲတီစိမ်းသီးနှံ (၃၀)ပိဿာဝင် တစ်အိတ်လျှင် ကျပ်(၇၅၇၅၀-၇၆၅၀၀)၊ မတ်ပဲသီးနှံ(၃၀)ပိဿာဝင် တစ်အိတ်လျှင် ကျပ်(၁၃၀၅၀၀) စသည့်ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ဒီဇင်ဘာလ(ပထမပတ်)တွင် ပဲတီစိမ်း(၃၀) ပိဿာဝင်တစ်အိတ်လျှင် ကျပ်(၈၀၂၅၀)၊ မတ်ပဲ(၃၀)ပိဿာဝင် တစ်အိတ်လျှင် ကျပ် (၁၃၆၅၀၀) ဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်၍ အ‌ရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ တင်ပို့မှုအနေဖြင့် တစ်ရက်လျှင် ပဲတီစိမ်းအိတ်ရေ(၃၀ မှ ၇၀)ခန့်၊ မတ်ပဲအိတ်ရေ(၂၀ မှ ၅၀)ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ဒေသတွင်းနှင့် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း ကုန်သည်တစ်ဦးထံမှ သိရသည်။

DOCA (မကွေး)

Local Trade News

Pages