ကလေးဝမြို့ဒေသထွက် ဇီးဖျော်ရည်

Tue, 02/07/2023 - 09:53 -- comsumer

  စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်အတွင်းရှိ ကလေးဝမြို့မှ ထွက်ရှိသည့် ဇီးဖျော်ရည်နှင့် မန်ကျည်းဖျော်ရည်သည် ဒေသထွက်အစားအစာအဖြစ် လူကြိုက်များ နာမည်ကြီးကြောင်း၊ ကလေးဝမြို့၊ အမှတ်(၂)ရပ်ကွက်တွင်ဇီးဖျော်ရည်များကိုထုတ်လုပ်ရောင်းချလျက်ရှိကြောင်း၊ ဇီးဖျော်ရည်ထုတ်လုပ် ရန်အတွက် ဇီးသီးများကို ဇန်နဝါရီလမှစ၍ စတင်စုဆောင်းရကြောင်း၊ ဇီးသီးကုန်ကြမ်းများကို ကလေးဝမြို့နယ်အတွင်းရှိ ကျော်ဇင်ကျေးရွာနှင့် ကျွဲနံကျေးရွာများမှထွက်ရှိသည့် ဇီးချဉ်သီးများကို ဝယ်ယူပြီး သကြားများကို  ကလေးမြို့မှတစ်ဆင့် ဝယ်ယူ အသုံးပြုကြောင်း သိရသည်။

     ကျိုချက်ရာတွင် ဇီးသီးများကို ရေစိမ်၍ စင်အောင်ဆေးကြောကာ အနှစ်ကျသည်ထိ ကျိုချက် ပြီးနောက် သကြားနှင့်ဆားများကို သင့်တင့်ရုံထည့်ကြိုရကြောင်း၊ ကျိုချက်၍ ရရှိလာသောဇီးဖျော်ရည် များကို အအေးခံပြီး ပုလင်းများအတွင်း စနစ်တကျထည့်သွင်းရောင်းချရပါကြောင်း၊ ဇီးသီး(၂)တင်းခွဲ လျှင် ဇီးဖျော်ရည်ပုလင်း(၃၀)ရရှိပြီး တစ်နှစ်လျှင် ဇီးဖျော်ရည်ပုလင်းပေါင်း (၃၀၀၀ မှ ၅၀၀၀)ခန့်အထိ ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရသည်။ ဈေးကွက်အနေဖြင့် ဒေသထွက်ဇီးဖျော်ရည် ပုလင်းများကို ကလေးဝမြို့တွင်းနှင့် ကလေးမြို့၊ မုံရွာမြို့၊ မန္တလေးမြို့များသို့ တင်ပို့ရောင်းချလျက် ရှိကြောင်း သိရသည်။ ‌ဈေးနှုန်းအနေဖြင့် ဇီးဖျော်ရည်တစ်ပုလင်းလျှင်(၄၀၀၀-၅၀၀၀)ကျပ်ခန့် ပေါက်ဈေး ဖြင့် ရောင်းဝယ်ဖောက်ကားလျက်ရှိရာ ဇီးဖျော်ရည်လုပ်ငန်းသည် နှစ်စဉ်ဝင်ငွေရရှိနေသော လုပ်ငန်း ဖြစ်ကြောင်းနှင့်မိရိုးဖလာအိမ်တွင်းလက်မှု တစ်ပိုင်တစ်နိုင်လုပ်ငန်းဖြစ်သည့်အတွက် ဇီးဖျော်ရည်များကို စဉ်ဆက်မပြတ် ထုတ်လုပ်ရောင်းချလျက်ရှိကြောင်း သိရသည်။

DOCA (စစ်ကိုင်း)

Local Trade News

Pages