RCEP ၏ အရှိန်ဖြင့် တရုတ်-အာဆီယံ စက်မှုကဏ္ဍပူးပေါင်းဆောင်ရွက်ရေး ပိုမိုနက်ရှိုင်းလာ

Thu, 01/25/2024 - 03:54 -- wtodep

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်အသက်ဝင်ခဲ့သော အာဆီယံဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ကြောင့် တရုတ်-အာဆီယံစက်မှုကဏ္ဍပူးပေါင်း ဆောင်ရွက်ရေးသည် ပိုမိုနက်ရှိုင်းလာကာ ၂ နှစ်အတွင်း ဒေသတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုခဲ့ကြောင်း Economic Watch ၏ အယ်ဒီတာ့အာဘော်တွင် ဖော်ပြထားပါသည်။

အာဆီယံဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်သည် အာဆီယံ ၁၀ နိုင်ငံနှင့် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ ဩစတြေးလျှ၊ နယူးဇီလန်စသည့် နိုင်ငံပေါင်း ၁၅ နိုင်ငံ ပါဝင်ပြီး ကမ္ဘာ့လူဦးရေ၊ ကမ္ဘာ့ပြည်တွင်းကုန်ထုတ်လုပ်မှုနှင့် ကမ္ဘာ့ကုန်သွယ်မှု၏ ၃၀ % ခန့်ကို ဆောင်ရွက်နေသောကြောင့် ကမ္ဘာ့အကြီးဆုံး လွတ်လပ်သောကုန်သွယ်မှု သဘောတူစာချုပ်ဟု ခေါ်ဆိုနိုင်ပါသည်။

တရုတ်နိုင်ငံ၊ အကောက်ခွန် အထွေထွေအုပ်ချုပ်ရေးဌာနအဆိုအရ ၂၀၂၃ ခုနှစ်အတွင်း တရုတ်သည် အာဆီယံအဖွဲ့၏ အကြီးဆုံး ကုန်သွယ်ဘက်ဖြစ်ပြီး နှစ်ဖက်ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၈၁၆.၉ ဘီလီယံရရှိခဲ့ကာ ပြီးခဲ့သည့်နှစ်ကထက် ၀.၁ % ပိုမိုတိုးတက်ခဲ့ပါသည်။ အာဆီယံဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက် စတင်အကောင်အထည် ဖော်သည့်အချိန်မှစ၍ မင်းဂွတ်၊ ဒူးရင်း၊ ဌက်ပျော၊ လိုဂန် (logans) လိုက်ချီး အပါအဝင် အာဆီယံဒေသထွက် သစ်သီးအမယ်အသစ် ၈ မျိုးသည် တရုတ်သို့ တင်ပို့ခွင့်ရခဲ့ပါသည်။

တရုတ်နိုင်ငံ၊ တောင်ပိုင်းရှိ တည်နေရာနှင့် သယ်ယူ ပို့ဆောင်ရေးအားသာချက်များရှိသည့် ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် တရုတ်-အာဆီယံ စက်မှု ကဏ္ဍပူးပေါင်းဆောင်ရွက်ရေးဇုန်ကို ရှိရင်းစွဲ ဖွံ့ဖြိုးတိုးတက်ရေးဇုန်များ၊ မြိုတော် နန်နင်းနှင့်ချုံကျိုးမြို့ အပါအဝင် မြို့ပေါင်း ၇ မြို့ရှိ စက်မှုဇုန်များကို အခြေခံ၍ တည်ဆောက်ခဲ့ပါသည်။ ချုံကျိုးမြို့အုပ်ချုပ်မှုစနစ်အောက်ရှိ နယ်စပ်မြို့လေးဖြစ် သည့် ပင်းရှီးမြို့သည် အရှေ့တောင်အာရှမှ ကုန်ကြမ်းများတင်သွင်း၍ လျှပ်စစ်ပစ္စည်းများ၊ စက်ပစ္စည်း များ ထုတ်လုပ်ကာ ထိုင်း၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယားနှင့် အခြားအာဆီယံဒေသများသို့ ထုတ်ကုန်များ တင်ပို့လျှက်ရှိပါသည်။ ကွမ်ရှီးကျွမ့်စက်မှုဇုန်တွင် ယွမ်သန်း ၁၅၀ ခန့် ရင်းနှီးမြှုပ်နှံသူတစ်ဦးက ကွမ်ရှီးလုပ်ငန်းရှင်များ ကြီးမားသောဈေးကွက်အခွင့်အလမ်းများ ရရှိနေခြင်းမှာ တရုတ်နှင့် အာဆီယံ၏ စက်မှုလုပ်ငန်း ကွင်းဆက်တွင် အပြန်အလှန်အကျိုးပြုနေခြင်းကြောင့်ဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါ သည်။

အာဆီယံနိုင်ငံအများအပြားသည် စက်မှုထွန်းကားရေးကို အရှိန်အဟုန်ဖြင့် လုပ်ဆောင်နေပြီး တရုတ်နိုင်ငံ၏ အဆင့်မြင့်နည်းပညာ၊ ထုတ်ကုန်များနှင့် အရင်းအနှီးကို မျှော်လင့်ကြကြောင်း၊ တရုတ်-အာဆီ ယံ ဒေသတွင်းစီးပွားရေးပေါင်းစည်းမှု တိုးတက်လာသည်နှင့်အမျှ တရုတ်လုပ်ငန်းများသည် အာဆီယံဈေးကွက်တွင် ခြေကုပ်ယူနိုင်မည်ဖြစ်ကြောင်း ကွမ်ရှီးမာဇဒါအုပ်စု ဥက္ကဋ္ဌ Huang Kanghua က ပြောကြားခဲ့သည်။ ပီကင်းတက္ကသိုလ်၊ နိုင်ငံတကာလေ့လာရေးပညာဌာနက ပါမောက္ခ Zhai Kun က ရပ်ဝန်းနှင့်လမ်းကြောင်း ကနဦးအစီအစဉ် (Belt and Road Initiative)၏ တိုးတက်မှုနှင့် RCEP ကို ကောင်းမွန်စွာ အကောင်အထည်ဖော်ခြင်းဖြင့် တရုတ်နှင့် အာဆီယံအကြား စက်မှုလုပ်ငန်းကွင်းဆက်များ ပိုမိုပေါင်းစည်းသွားမည်ဖြစ်ပြီး နှစ်ဘက်အပြန်အလှန်အကျိုးပြုမှုနှင့်ပူးပေါင်း ဆောင်ရွက်မှုသည် ရှေ့သို့ခြေလှမ်း သစ်တစ်ရပ်တိုးလာမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

Source:  english.news.cn

International Trade News

Pages