အိန္ဒိယသည် သွင်းကုန်နှင့် ပို့ကုန်ဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များကို တစ်လလျှင်တစ်ကြိမ်သာ ပြန်လည်ထုတ်ပြန်ရန် စီစဉ်နေ

Thu, 12/15/2022 - 06:35 -- Dotbilateral

 အိန္ဒိယအစိုးရအနေဖြင့် တစ်လလျှင် နှစ်ကြိမ် ကုန်သွယ်မှုဆိုင်ရာအချက်အလက်များကို ထုတ်ပြန်လျက်ရှိရာမှ ကိန်းဂဏန်းအချက်အလက်ကွဲပြားမှုများရှိလာသဖြင့် ပို့ကုန်/သွင်းကုန် ကုန်သွယ်မှုဆိုင်ရာအချက်အလက်များကို နောင်တွင် တစ်လတစ်ကြိမ်သာ ထုတ်ပြန်တော့မည် ဖြစ်ကြောင်း ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် Bloomberg မှ ထုတ်ပြန်ခဲ့သော သတင်း ဖော်ပြချက်အရ သိရှိရပါသည်။ ဆိုလိုသည်မှာ အိန္ဒိယကုန်သွယ်ရေးဝန်ကြီးဌာန၏ အစီအမံအရ ကုန်သွယ်မှုလိုငွေများ၊ ပို့ကုန်သွင်းကုန်တန်ဖိုးများ၊ ရေနံစိမ်းအပါအဝင် ရေနံနှင့်ရေနံထွက်ပစ္စည်းများ၏ ကုန်သွယ်မှုဆိုင်ရာအချက်အလက်များအား ပြီးခဲ့သောလများအတွက် တစ်လလျှင် တစ်ကြိမ်သာ ထုတ်ပြန်မည်ဖြစ်ပါသည်။

   ထို့အပြင် ယခင်လများအတွင်း ငွေကြေး‌ဈေးနှုန်းများအပြင် စက်သုံးဆီဈေးနှုန်းနှင့် အခြား ကုန်ပစ္စည်းဈေးနှုန်းများ အတက်အကျများစွာ ဖြစ်ပေါ်ခဲ့ပြီး အစောပိုင်း ကုန်သွယ်မှုအချက်အလက်များနှင့် နောက်ဆုံးကုန်သွယ်မှုအချက်အလက်များ သိသိသာသာ ကွဲလွဲမှုများရှိနေသည့်အတွက် ကုန်သွယ်ရေးဝန်ကြီးဌာနက ထိုသို့‌ဆောင်ရွက်ရန် စဉ်းစားခဲ့ခြင်းဖြစ်ပါသည်။ ဥပမာအနေဖြင့် ဩဂုတ်လနှင့် စက်တင်ဘာလအတွက် ပဏာမပို့ကုန်ကိန်းဂဏန်းအချက်အလက်များအရ အိန္ဒိယနိုင်ငံတွင် ပို့ကုန်တန်ဖိုးကျဆင်းသွား သည်ကို ဖော်ပြခဲ့သော်လည်း နောက်ဆုံးပို့ကုန်အချက်အလက်များတွင် ပို့ကုန်တန်ဖိုးမြင့်တက်နေခြင်း ဖြစ်ပါသည်။

          အိန္ဒိယနိုင်ငံတွင် ၂၀၂၀ ခုနှစ်မတိုင်မီအထိ ထုတ်ပြန်ခဲ့သော တစ်လတစ်ကြိမ် ပို့ကုန် သွင်းကုန် အချက်အလက်များသည် အိန္ဒိယ၏ သွင်းကုန်နှင့်ပို့ကုန်များ မည်ကဲ့သို့မြင့်တက်ခဲ့သည် ကို လေ့လာဆန်းစစ်သူများအား ပိုမိုကျယ်ပြန့်ရှင်းလင်းသော ရုပ်ပုံလွှာကို ပေးနိုင်ကြောင်း Bloomberg ၏ သတင်းရင်းမြစ်များအရ သိရပါသည်။

   ရေနံတင်သွင်းမှုတွင် အိန္ဒိယနိုင်ငံသည် ကမ္ဘာ့တတိယအကြီးဆုံးအဖြစ် ရေနံစိမ်းတင်သွင်းခဲ့ပြီး အောက်တိုဘာလတွင်  ပထမအကြိမ် ရုရှားနိုင်ငံ၏အကြီးမားဆုံး ရေနံစိမ်းတင်သွင်းသည့် နိုင်ငံဖြစ်လာမည်ဟု ခန့်မှန်းထားပါသည်။ ရုရှားနိုင်ငံသည် အိန္ဒိယသို့ ရေနံစိမ်း တင်ပို့သောနိုင်ငံများအဖွဲ့ (OPEC)၏ ရေနံစိမ်း အများဆုံးတင်ပို့သည့် အီရတ်နှင့် ဆော်ဒီအာရေးဗျတို့ကို ကျော်လွန်၍ ရေနံစိမ်း အများဆုံးတင်ပို့သောနိုင်ငံဖြစ်လာကာ တစ်ရက်လျှင် စည်ပေါင်း ၉၄၆,၀၀၀  စံချိန်တင် တင်ပို့နိုင်ခဲ့ကြောင်း The Economic Times မှ  ဖော်ပြထားပါသည်။

  ယူကရိန်း-ရုရှား အ‌ရေးမစခင်မှာ အိန္ဒိယနိုင်ငံသည် ရုရှားရေနံစိမ်းကို အနည်းအကျဥ်းသာ ၀ယ်ယူသူဖြစ်ခဲ့သည်။ အနောက်နိုင်ငံများရှိဝယ်လက်များမှ ရုရှားနိုင်ငံမှ ရေနံစိမ်းများကို ဝယ်ယူမှုရပ်တန့်သွားပြီးနောက်  အိန္ဒိယသည် တရုတ်ကဲ့သို့ပင် ရုရှားနိုင်ငံ၏ ရေနံတင်ပို့မှုအတွက် အဓိက ဖြစ်လာခဲ့သည်။

  Vortex ၏ ခန့်မှန်းချက်အရ အိန္ဒိယနိုင်ငံသည် ပြီးခဲ့သည့်လတွင် ရုရှားနိုင်ငံမှ ရေနံစိမ်း စည်ပေါင်း 946,000 (bpd) စံချိန်တင် တင်သွင်းခဲ့ပြီး စက်တင်ဘာလနှင့် ယှဉ်လျှင် ၈ ရာခိုင်နှုန်း တက်လာသည်ကို တွေ့ရသည်။ အိန္ဒိယနိုင်ငံသို့ ရုရှားနိုင်ငံ၏ရေနံတင်ပို့မှုသည် ပြီးခဲ့သည့်လက အိန္ဒိယနိုင်ငံ၏ ရေနံတင်သွင်းမှုအားလုံး၏ ၂၂ ရာခိုင်နှုန်း၊ အီရတ်ရေနံတင်ပို့မှုသည် ၂၀ ဒသမ ၅ ရာခိုင်နှုန်း နှင့် ဆော်ဒီအာရေးဗျရေနံတင်ပို့မှုသည် ၁၆ ရာခိုင်နှုန်းရှိခဲ့သည်။

Source : Bloomberg

International Trade News

Pages