အပင်နှင့် အပင်ထွက်ပစ္စည်းများအပေါ် အပင်ပိုးမွှားကာကွယ်ရန် တရုတ်နိုင်ငံမှ အသိအမှတ်ပြု လက်မှတ်ပုံစံ ပြင်ဆင် ချမှတ်

Wed, 06/14/2023 - 05:04 -- wtodep

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်ဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် ၎င်းနိုင်ငံအတွင်းသို့ တင်သွင်းသည့် အပင်နှင့်အပင်ထွက်ပစ္စည်း များအ​ပေါ် အပင်ပိုးမွှားကာကွယ်သည့် အစီအမံအား ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁ရက်နေ့မှစတင်၍ ကျင့်သုံးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သို့ အသိပေးအကြောင်းကြားစာ ပေးပို့ထားသည်ကို Central Registry of Notifications (CRN) ၏ web interface မှတစ်ဆင့် သိရှိရပါသည်။

နိုင်ငံတကာ အပင်၊ ပိုးမွှားဆိုင်ရာ အစီအမံများအရ တရုတ်ပြည်သူ့သမ္မတနိုင်ငံက ပြန်လည်တင်ပို့ခြင်း (Re-Export) အတွက် အဝင်နှင့် အထွက် (၂) ရပ်လုံး၌ Phytosanitary Certificate ပုံစံ (template) လိုအပ်ချက်အား ပြန်လည်မွမ်းမံခဲ့ကြောင်း ဖော်ပြထားပါသည်။ အဆိုပါအသိအမှတ်ပြု လက်မှတ်ပုံစံအသစ်များအား လာမည့် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့မှ စတင်၍ ကျင့်သုံးဆောင်ရွက်သွားမည် ဖြစ်ပြီး အကူးအပြောင်း ကာလအတွင်း (၂၀၂၃ ခုနှစ် ၊ ဒီဇင်ဘာလ မတိုင်မီအထိ) ယခင်အသုံးပြုလျက်ရှိသည့် ပုံစံအဟောင်းနှင့် ယခုပြန် လည်မွမ်းမံသည့် ပုံစံအသစ် (၂) မျိုးလုံးအား အသုံးပြုသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

အသိအမှတ်ပြုလက်မှတ်ပုံစံတွင် သက်ဆိုင်ရာကုန်စည်၏ ထောက်ခံချက်၊ ပင်ရင်းနိုင်ငံ၊ ကုန်ချမည့်နေရာ၊ ဝယ်သူ/ ရောင်းသူ ကုမ္ပဏီ လိပ်စာ စသည့်အချက်များကို မှန်ကန်စွာ ဖြည့်စွက်ရမည်ဖြစ်ပြီး ပြည့်စုံပါက အသိအမှတ်ပြုလက်မှတ်ထုတ်ပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။ အဆိုပါတရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သို့ အသိပေးအကြောင်းကြားစာ ပေးပို့လာသည့် အပင်နှင့် အပင်ထွက်ပစ္စည်းများအ​ပေါ် အသိအမှတ်ပြုလက်မှတ်နှင့်စပ်လျဉ်း၍ ပြင်ဆင်ထုတ်ပြန်သည့် နမူနာပုံစံနှင့်အသေးစိတ်အချက် အလက် များအား စိတ်ပါဝင်စားသည့် တင်ပို့သူ၊ ကုန်သည်/ လုပ်ငန်းရှင်များအနေဖြင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ https://docs.wto. org/dol2fe/Pages/SS/directdoc.aspx?filename=q:/G/SPS/NCHN1278.pdf&Open=True  ၌ ဝင်ရောက်ကြည့်ရှုနိုင်ကြမည် ဖြစ်ပါသည်။

International Trade News

Pages