အစားအစာများဘေးကင်းလုံခြုံစေရန် ပြည်ပမှတင်သွင်းသော အစားအစာများအတွက် သတ်မှတ်ချက်များနှင့် စံချိန်စံညွှန်းများကို ပြန်လည်ပြင်ဆင်သည့် အဆိုပြုလွှာအား ဂျပန်နိုင်ငံက ပေးပို့ခဲ့

Wed, 06/14/2023 - 04:57 -- wtodep

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်ဖြစ်သည့် ဂျပန်နိုင်ငံသည် ၎င်းနိုင်ငံအတွင်းသို့ တင်သွင်းသည့် အစားအစာများဘေးကင်းလုံခြုံစေရန်အတွက် သတ်မှတ်ချက်များနှင့် စံချိန်စံညွှန်းများကို ပြန်လည်ပြင်ဆင်သည့် အဆိုပြုလွှာအား ၂၀၂၃ ခုနှစ်၊ မေလ ၃၁ ရက်နေ့တွင် ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့သို့ အသိပေးအကြောင်းကြားစာ ပေးပို့ထားသည်ကို Central Registry of Notifications (CRN) ၏ web interface မှတစ်ဆင့် သိရှိရပါသည်။

အစားအစာသန့်ရှင်းရေးဥပဒေ (စိုက်ပျိုးရေးဓာတုဓာတ်ကြွင်းစံနှုန်းများ ပြန်လည် ပြင်ဆင်ခြင်း) အရ ဂျပန်နိုင်ငံသည် ငါးနှင့်အခွံမာ ရေနေသတ္တဝါများ၊ ခရုများနှင့် အခြားရေနေကျောရိုးမဲ့သတ္တဝါများ၊ စားသုံးနိုင်သော ဟင်းသီးဟင်းရွက်များနှင့် အချို့သော သစ်မြစ် များနှင့် သစ်ဥများ၊ စားသုံးနိုင်သော အသီးအနှံများနှင့် အခွံမာသီးများ၊ အသီးအနှံများ၏ အခွံများ၊ ဟင်းခတ်အမွှေးအကြိုင်များ၊ ကောက်ပဲသီးနှံများနှင့် အဆီအနှစ်နှင့် နွယ်ပင်အသီးအနှံများ၊ အစေ့ အဆန်များ၊ မျိုးစေ့နှင့်အသီးတို့ တင်ပို့ရာတွင် Inpyrfluxam ဓာတုပစ္စည်းအများဆုံး ကြွင်းကျန်မှုကို ကန့်သတ်မည့် စံချိန်စံညွှန်းဆိုင်ရာ အဆိုပြုလွှာကို ပေးပို့ခဲ့ပါသည်။ အဆိုပါအဆိုပြုချက် အပေါ် သဘောထားမှတ်ချက်ပေးပို့လိုပါက ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့ထိ ပေးပို့နိုင်ပြီး အဆိုပြုချက်ကို သဘောတူလက်ခံ၍ ဖြန့်ဝေမည့်ရက်အား သဘောထားမှတ်ချက်ပေးသည့် ရက် ကုန်ဆုံးပြီးနောက် ဆောလျင်စွာထုတ်ပြန်မည်ဖြစ်ကြောင်း သိရှိရပါသည်။ စတင်ကျင့်သုံးမည့်ရက်အား အတိအကျ ဖော်ပြထားခြင်းမရှိသော်လည်း ကန့်သတ်မည့်စံချိန်စံညွှန်းအား အတည်ပြုပြီးနောက် စတင်ကျင့်သုံးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

အဆိုပါဂျပန်နိုင်ငံမှ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သို့ အသိပေးအကြောင်းကြားစာ ပေးပို့လာသည့် အစားအစာများအတွက် သတ်မှတ်ချက် များနှင့် စံချိန်စံညွှန်းများကို ပြန်လည်ပြင်ဆင်သည့် အဆိုပြုလွှာနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များအား စိတ်ပါဝင်စား သည့် တင်ပို့သူ၊ ကုန်သည်/လုပ်ငန်းရှင်များအနေဖြင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ https://docs.wto.org/dol2fe/ Pages/SS/directdoc.aspx?filename=q:/G/SPS/NJPN1206.pdf&Open=True ၌ ဝင်ရောက် ကြည့်ရှုနိုင်မည် ဖြစ်ပါသည်။

International Trade News

Pages