လူ့ကျန်းမာရေး ထိခိုက်မှုမရှိစေရန်နှင့် ဘေးကင်းစေရန်အတွက် တရုတ်နိုင်ငံမှ လျှပ်စစ်မီးအလင်းရောင် ထုတ်ကုန် ပစ္စည်းများ (Light Source Product) အပေါ် စံချိန်စံညွှန်းအသစ်ချမှတ်

Wed, 06/14/2023 - 04:44 -- wtodep

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်ဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံက ၎င်းနိုင်ငံတွင်းသို့ တင်သွင်းသည့် လျှပ်စစ်မီး (အလင်းရောင်) ထုတ်ကုန်ပစ္စည်းများ (Light Source Product) ကို လူ့ကျန်းမာရေး ထိခိုက်မှုမရှိစေရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရေး အတွက် လိုအပ်သည့် စံချိန်စံညွှန်းများကို အတည်ပြုသတ်မှတ် ပြဋ္ဌာန်းလိုက်ပါသည်။ ပြဋ္ဌာန်းပြီးနောက် တစ်နှစ်အတွင်း ၎င်းစံချိန် စံနှုန်းများကို ကျင့်သုံးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သို့ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့တွင် အသိပေး အကြောင်းကြားစာ ပေးပို့ထားသည်ကို Central Registry of Notifications (CRN) ၏ web interface မှတစ်ဆင့် သိရှိရပါသည်။

ကုန်သွယ်မှုဆိုင်ရာ နည်းပညာအတားအဆီးများ  (Technical Barriers  to Trade - TBT ) နှင့်စပ်လျဉ်းသည့် အစီအမံများမှာ လျှပ်စစ်မီးသီး၊ မီးချောင်းများ၊ LED အစိတ်အပိုင်းများနှင့် OLED Panel ပစ္စည်းများ အစရှိသည့် လျှပ်စစ်မီးအလင်းရောင် ထုတ်ကုန်ပစ္စည်းများ (Light Source Product) နှင့်ပတ်သက်သည့် အထွေထွေလိုအပ်ချက်များ၊ သင်္ကေတများနှင့် ညွှန်ကြားချက်များ၊ လျှပ်စစ်ဘေးအန္တရာယ်ကင်းရှင်းရေး၊ အပူချိန်ဆိုင်ရာ လိုအပ်ချက်များ၊ စက်ပိုင်းဆိုင်ရာ ဘေးကင်းမှု၊ ပုံမှန်လုပ်ငန်းခွင် မဟုတ်သော အခြေအနေမှ ဘေးအန္တရာယ်ကင်းရှင်းမှု၊ အစိုပြန်မှုနှင့် ဖုန်မှုန့်ဒဏ်ခံနိုင်မှုရှိရန် လိုအပ်ချက်များအပါအဝင် ဘေးအန္တရာယ်ကင်းရှင်း ရေးဆိုင်ရာ လိုအပ်သည့် (Light Sources - Safety requirements) တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ နိုင်ငံတော်အဆင့် စံချိန် စံညွှန်းများဖြစ်ပါသည်။ အဆိုပါသတ်မှတ်ပြဋ္ဌာန်းချက်တွင် တစ်ကိုယ်ရည်ကျန်းမာရေးနှင့် အသက်နှင့် ပိုင်ဆိုင်မှုဘေးအန္တရာယ် ကင်းရှင်းရေး ညွှန်ကြားချက်တစ်ခုအဖြစ် ထုတ်ပြန်ထားသော အခြားနည်းပညာဆိုင်ရာ လိုအပ်ချက်များလည်း ပါဝင်ကြောင်း သိရှိရပါသည်။

 အဆိုပါတရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သို့ အသိပေးအကြောင်းကြားစာ ပေးပို့လာသည့် Light Source Product နှင့်စပ်လျဉ်း၍ လူ့ကျန်းမာရေး ထိခိုက်မှု မရှိစေရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရေး လိုအပ်သည့် စံချိန်စံညွှန်းဆိုင်ရာ အသေးစိတ်အချက်အလက်များအား စိတ်ပါဝင်စားသည့် တင်ပို့သူ၊ ကုန်သည်/လုပ်ငန်းရှင်များ အနေဖြင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ https://docs.wto.org/dol2fe/Pages/SS/directdoc. aspx?filename=q:/G/TBTN23/CHN1718.pdf&Open=True သို့ ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။

International Trade News

Pages