မတ်ပဲနှင့်ပဲစင်းငုံ လွတ်လပ်စွာတင်သွင်းခွင့်ပြုသည့်ကာလအား ၃၁-၃-၂၀၂၅ ရက်နေ့အထိ တိုးမြှင့်ကြောင်း အိန္ဒိယအစိုးရမှကြေညာချက်ထုတ်ပြန်ခဲ့

Fri, 01/05/2024 - 04:52 -- Dotbilateral

     အိန္ဒိယနိုင်ငံ ကူးသန်းရောင်းဝယ်ရေးနှင့်စက်မှုဝန်ကြီးဌာန၊ ကူးသန်းရောင်းဝယ်ရေးဌာနက မတ်ပဲနှင့်ပဲစင်းငုံတို့အား ကန့်သတ်ကုန်စည်အဖြစ်မှ လွတ်လပ်စွာ (Free) တင်သွင်းခွင့်အား ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် (၅၂/၂၀၁၅-၂၀၂၀) ဖြင့် ၂၀၂၄ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိတိုးမြှင့်ခဲ့သည်။

     ယခုအခါ အိန္ဒိယနိုင်ငံ ကူးသန်းရောင်းဝယ်ရေးနှင့်စက်မှုဝန်ကြီးဌာန၊ကူးသန်းရောင်းဝယ်ရေး ဌာနက၂၈-၁၂-၂၀၂၃ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၅၄/၂၀၂၃)ဖြင့် မတ်ပဲနှင့်ပဲစင်းငုံ လွတ်လပ်စွာ တင်သွင်းခွင့်အား ၃၁-၃-၂၀၂၅ ရက်နေ့အထိ ထပ်မံတိုးမြှင့် သတ်မှတ်ခဲ့သည်။

     အိန္ဒိယနိုင်ငံအစိုးရအနေဖြင့် ဘဏ္ဍာနှစ်ကုန်ခါနီးတိုင်းတွင် ပဲတင်သွင်းမှုဆိုင်ရာ မူဝါဒနှင့် ပတ်သက်သည့် အမိန့်ကြော်ငြာစာများကို ထုတ်ပြန်လေ့ရှိသည်။ ယခုထုတ်ပြန်ချက်သည် မြန်မာ့ပဲစိုက်တောင်သူများနှင့် ပဲတင်ပို့သူများအတွက် အကျိုးဖြစ်ထွန်းစေရုံသာမက ပဲဈေးကွက်ကိုလည်း ပိုမိုခိုင်မာစေမည်ဖြစ်သည်။

International Trade News

Pages