ဘာစမာတီဆန်တင်ပို့မှုအတွက်အိန္ဒိယအစိုးရက အနိမ့်ဆုံးဈေးသတ်မှတ်နိုင်ဖွယ်ရှိကြောင်း သတင်းရင်းမြစ်များကဆို

Tue, 09/05/2023 - 03:59 -- wtodep

အိန္ဒိယ၏ အများဆုံးပို့ကုန်အမယ်ဖြစ်သည့် ဘာစမာတီမဟုတ်သော ဆန်ဖြူတင်ပို့မှုကို အစိုးရမှတားမြစ်ပြီးနောက် လုပ်ငန်းရှင်များ အနေဖြင့် ဘာစမာတီဆန်မဟုတ်သောဆန်ဖြူအား ဘာစမာတီဆန်အဖြစ် တင်ပို့ခြင်းမှတားမြစ်နိုင်ရန် အစိုးရသည် ဘာစမာတီဆန် အပေါ်အနိမ့်ဆုံး ပို့ကုန်ဈေးနှုန်းသတ်မှတ်ရန် စဉ်းစားနေကြောင်းနှင့် ဘာစမာတီဆန် မက်ထရစ်တန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၂၀၀ အဖြစ် သတ်မှတ်နိုင်ဖွယ်ရှိကြောင်းကို အဆိုပါကိစ္စနှင့်နီးစပ်သည့် သတင်းရင်းမြစ်များကို ကိုးကား၍ ရိုက်တာသတင်းဌာနက ဖော်ပြထားပါသည်။

အိန္ဒိယနိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့သည် မွှေးကြိုင်ပြီး အရည်အသွေးအကောင်းဆုံး ဘာစမာတီဆန်များကိုသာ သီးသန့်စိုက်ပျိုး ထုတ်လုပ်ကြသည့်နိုင်ငံများဖြစ်ကြပြီး၊ အိန္ဒိယသည် အီရန်၊အီရတ်၊ ယီမင် ၊ ဆော်ဒီအာရေဗျ ၊ အာရပ်စော်ဘွားများ ပြည်ထောင်စုနှင့် အမေရိကန်တို့သို့ ဘာစမာတီ ဆန်မက်ထရစ်တန်ချိန်ပေါင်း ၄ သန်းခန့် တင်ပို့လျက်ရှိကြောင်းကို The Economic Times တွင် ဖော်ပြထားပါသည်။

အိန္ဒိယသည် ၂၀၂၂ ခုနှစ်တွင် ဆန်ကွဲတင်ပို့မှုကို တားမြစ်ခဲ့ပြီး၊ စားသုံးမှုအများဆုံးဖြစ်သည့် ဘာစမာတီဆန်မဟုတ်သောဆန်ဖြူ တင်ပို့မှုကို ပြီးခဲ့သည့်ဇူလိုင်လက တားမြစ်ခဲ့ပါသည်။ အိန္ဒိယသည် ပြုတ်ဆန်တင်ပို့မှုအပေါ် အကောက်ခွန်၂၀% ကောက်ခံရန်လည်း ချမှတ်ထားပါသည်။

Source:https://economictimes.indiatimes.com/news/economy/agriculture/india-may-introduce-floor-price-for-basmati-rice-exports-sources/articleshow/103067447.cms?from=mdr

International Trade News

Pages