နိုင်ငံခြားကုန်သွယ်မှုကန့်သတ်ချက်များကို တုံ့ပြန်နိုင်ရန် တရုတ်နိုင်ငံက လျှပ်စစ်ကားလုပ်ငန်းကို ပံ့ပိုးကူညီနေခြင်း

Mon, 02/19/2024 - 04:57 -- wtodep

အစိုးရက အထောက်အပံ့များပေးနေသည်ဟူသော စွပ်စွဲချက်ဖြင့်အီးယူ၏ စုံစမ်းစစ်ဆေးမှုများခံနေရသည့် တရုတ်လျှပ်စစ်ကား လုပ်ငန်းအား နိုင်ငံခြားကုန်သွယ်မှုကန့်သတ်ချက်များကို တုံ့ပြန်နိုင်ရန်၊ နိုင်ငံခြားကုမ္ပဏီများနှင့်ပူးပေါင်း ဆောင်ရွက်နိုင်ရန် အားပေးကူညီသွားမည်ဖြစ်ကြောင်း တရုတ်စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့ပါသည်။

ဝန်ကြီးဌာနက မော်တော်ယာဉ်ထုတ်လုပ်သူများအား ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုတေသနဌာနများ ဖွဲ့စည်းဆောင်ရွက်ထားရန်နှင့် ပြည်ပတွင်ရောင်းချပြီး ဝန်ဆောင်မှုစင်တာများ (Aftersales service center)တည်ဆောက်ရန်၊ ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက် အတွက် ပြည်ပမိက်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ သယ်ယူပို့ဆောင်ရေးနှင့်ထောက်ပံ့ပို့ဆောင်ရေးအတွက် ပို့ဆောင်ရေး ကုမ္ပဏီများနှင့် ပိုမိုနီးကပ်စွာလုပ်ဆောင်နိုင်ရန် စသည့်လမ်းညွှန်ချက်များကို ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါလမ်းညွှန်ချက်များတွင် မော်တော်ယာဉ်ထုတ်လုပ်သူများ၊ ဆက်စပ်လုပ်ငန်းများအတွက် ယွမ်ဖြင့် ငွေချေခြင်းအပါအဝင် တရုတ်ဘဏ်များ၏ ပြည်တွင်း၊ ပြည်ပဝန်ဆောင်မှုများကို တိုးချဲ့ရန် တိုက်တွန်းထားကြောင်းနှင့် NEV (Neighbourhood Electric Vehicle) နှင့် ဘက်ထရီများအတွက် ပို့ကုန်လုပ်ထုံးလုပ်နည်းများကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းကိုလည်း ဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။

၂၀၂၃ခုနှစ်၌ တရုတ်နိုင်ငံသည် ဂျပန်နိုင်ငံကိုကျော်၍ ကမ္ဘာ့အကြီးဆုံး မော်တော်ယာဉ်တင်ပို့သူဖြစ်ခဲ့ပြီး ပြည်ပမော်တော်ကား တင်ပို့သူများ အကြား သဘောထားကွဲလွဲမှုများကို ဖြစ်ပေါ်စေပါသည်။

စက်တင်ဘာလတွင် ဥရောပကော်မရှင်က ပေကျင်းကို " အကာအကွယ်ပေးသူ "  အမည်သတ်မှတ်၍ တရုတ်နိုင်ငံထုတ် လျှပ်စစ် မော်တော်ယာဉ်များအား စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပါသည်။

လျှပ်စစ်မော်တော်ယာဉ်အပါအဝင် တရုတ်နိုင်ငံထုတ် ကုန်ပစ္စည်းအချို့အပေါ် အခွန်နှုန်းထားများတိုး၍ကောက်ခံရန် အမေရိကန်က ဆွေးနွေးနေကြောင်း Wall Street Journal က ပြီးခဲ့သည့်လတွင် ဖော်ပြခဲ့ပါသည်။

 

Source: www.cnbc.com

International Trade News

Pages