ထိုင်းနှင့်တရုတ်နိုင်ငံတို့အကြား တိုက်ရိုက်ကုန်တင်ရထား စတင်ပြေးဆွဲ

Wed, 01/10/2024 - 04:08 -- wtodep

လာအိုနိုင်ငံကို ဖြတ်သန်းလျှက် ထိုင်းနိုင်ငံ၊နောင်ခိုင် (Nong Khai)ခရိုင်နှင့် တရုတ်နိုင်ငံ၊ ချုံကွင်း (Chongqing) မြို့တို့အကြား တိုက်ရိုက်ကုန်တင်ရထားကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ၂၉ ရက်နေ့မှ စတင်ပြေးဆွဲနေပြီဖြစ်ပါသည်။ ထိုင်းနိုင်ငံ၊ နောင်ခိုင်ခရိုင်မှ ထိုင်းလိုက်ချီးသီး(longan)ခြောက်နှင့် တရုတ်နိုင်ငံ၊ ချုံကွင်းမြို့မှ စက်မှုလုပ်ငန်းသုံး ဆိုဒီယမ်ဆာလဖိတ်များ တင်ဆောင်လျှက် ရထားများစတင်ပြေးဆွဲခဲ့ပြီး ခရီးစဉ် ၄ ရက် ခန့်ကြာမည်ဖြစ်ပါသည်။ ပို့ကုန်ဝယ်လိုအားအပေါ်မူတည်၍ ရထားပြေးဆွဲသွားမည် ဖြစ်ပါသည်။

ထိုင်းဘက်မှ မီးရထားဖြင့် အများဆုံးသယ်ဆောင်နိုင်မည့် ကုန်စည်များမှာ အေးခဲပင်လယ်စာ၊ ဒူးရင်းသီး၊  မင်းဂွတ်သီး၊ longan နှင့် အုန်းသီးများဖြစ်ပါသည်။ ယခုရထားလမ်းကြောင်းမှာ ချုံကျင်းမြို့ကို အရှေ့တောင်အာရှ၊ တရုတ်နှင့် ဥရောပတို့၏ စီးပွားရေး အချက်အခြာအဖြစ် တရုတ်နိုင်ငံက စတင်ခဲ့သည့် နိုင်ငံတကာကုန်းတွင်းနှင့်ပင်လယ်ရေကြောင်း ကုန်သွယ်မှုစင်္ကြန်စီမံကိန်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်ပါသည်။

Source: https://en.vietnamplus

International Trade News

Pages