ဉာဏ်ရည်တု (AI) နည်းပညာစီမံခန့်ခွဲမှုလမ်းညွှန်ကို အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) က ထုတ်ပြန်ခဲ့

Fri, 02/09/2024 - 04:54 -- wtodep

ကမ္ဘာတလွှား AI ဆွေးနွေးမှုများတွင် သိသိသာသာအထောက်အကူပြုနိုင်ရန် ၊ အာဆီယံအဖွဲ့၏ ရည်မှန်းချက်များနှင့်အညီလုံခြုံစိတ်ချ ရသောနည်းပညာများကို အားပေးသည့်မူဝါဒများ၊ လမ်းညွှန်ချက်များကိုချမှတ်နိုင်ရန် ဉာဏ်ရည်တု (AI) နည်းပညာ စီမံခန့်ခွဲမှုလမ်းညွှန်ကို (၄) ကြိမ်မြောက် အာဆီယံဒီဂျစ်တယ်ဝန်ကြီးများအဆင့် အစည်းအဝေးအပြီးတွင် အာဆီယံမှ ထုတ်ပြန်ခဲ့ကြောင်း လေ့လာသူများက ပြောကြားခဲ့ပါသည်။

အဆိုပါလမ်းညွှန်ချက်သည် AI နည်းပညာ၏အဖြေများကို ဒေသတွင်းပိုမိုဖြန့်ကျက်နိုင်ရေး လက်တွေ့ဆန်ပြီး အကောင်အထည် ဖော်နိုင်မည်ဖြစ်ကာ အာဆီယံနိုင်ငံများရှိ နည်းပညာတတ်ကျွမ်းသူများ အတွက် AI စနစ်များ အသုံးပြုရာတွင် ထည့်သွင်းစဉ်းစားရမည့် ပြည်တွင်းနှင့်ဒေသတွင်းအကြံပြုချက်များ ပါဝင်ပါသည်။

ဒီဂျစ်တယ်ဝန်ကြီးအဆင့် အစည်းအဝေးအလှည့်ကျဥက္ကဋ္ဌနှင့် စင်ကာပူနိုင်ငံ၊ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်ဝန်ကြီးဖြစ်သူ Josephine Teo က “လက်ရှိ ဒီဂျစ်တယ်နည်းပညာအရွေ့သည် အယုံအကြည်ကင်းမဲ့မှုကို ဖြစ်ပေါ်စေနိုင်ကြောင်း၊ သတင်းမှားများနှင့် မဟုတ်မမှန် သတင်းများကို  AI မှ ဖန်တီးနိုင်ကြောင်း၊ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်မှုကို ခိုင်မာသောယုံကြည်မှုဖြင့် အခြေခံတည်ဆောက် ရေးမှာအစိုးရများအတွက် စိန်ခေါ်မှုများရှိကြောင်း”ကို ဝန်ကြီးများအဆင့်အစည်းအဝေးတွင် ပြောကြား ခဲ့ပါသည်။

ကာနယ်ဂျီ နိုင်ငံတကာငြိမ်းချမ်းရေး ပညာသင်ဆု(Carnegie Endowment for International Peace) ၏ အာရှအစီအစဉ်မှ အကြီးတန်းသုတေသီဖြစ်သူ Elina Noor က “ အာဆီယံအနေဖြင့် ကမ္ဘာတလွှား AI ဆွေးနွေးပွဲများတွင် ဒေသတွင်းနည်းပညာ ဆိုင်ရာအတွေ့အကြုံများကိုအခြေခံ၍ အဆိုပြုချက်များကို သတ္တိရှိရှိ ပါဝင်ဆွေးနွေးသွားရန်လိုအပ်ကြောင်း ” ပြောကြားခဲ့ပါသည်။

National University of Singapore ၏ ကွန်ပျူတာဌာနမှ တွဲဖက်ပါမောက္ခဖြစ်သူ Kan Min Yen က“ အာဆီယံသည် AI နည်းပညာစီမံခန့်ခွဲမှုစနစ်အတွက် အလွန်အရေးပါသော ဒေသတစ်ခုဖြစ်ပြီး သင့်လျော်သော AI ထိုးဖောက်မှုနှင့် ဈေးကွက်ဝင်ရောက်မှုမှ အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း၊ လက်ရှိ AI စနစ်တွင် အသုံးပြုနေသော အချက်အလက်များသည် အာဆီယံနိုင်ငံသားများ၏ ဒေသ စကားများ၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများနှင့် နေ့စဉ်ကျင့်သုံးနေသော အချက်အလက်များ မဟုတ် ကြောင်း ” ပြောကြားခဲ့ပါသည်။

မနီလာမြို့ရှိ Data Ethics PH ၏ အမှုဆောင်ညွှန်ကြားရေးမှူးဖြစ်သူ Dominic Ligotက “ AI နှင့် ပတ်သက်၍ အကောင်းဆုံးအလေ့အကျင့်များ ထွက်ပေါ်လာရေး၊ ဒေသတွင်းဆန်းသစ်တီထွင်မှုကို အားပေးရန်အတွက် ဒေသတွင်းရန်ပုံငွေများနှင့် အရင်းအမြစ်များစုစည်းရေး နယ်စပ်ဖြတ်ကျော် ဆွေးနွေးမှုတွင် ASEAN သည် ကြီးမားသောအခန်းကဏ္ဍမှ ပါဝင်နိုင်သည် ” ဟု ပြောကြားခဲ့ပါသည်။

Source:https://global.chinadaily.com.cn/a/202402/05/WS65c03ff4a3104efcbdae9b40.html

International Trade News

Pages