စီးပွားရေးပြန်လည်ဦးမော့လာရန် ထိုင်းနိုင်ငံနှင့် လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက် လက်မှတ်ရေးထိုးခဲ့သော သီရိလင်္ကာနိုင်ငံ

Tue, 02/13/2024 - 03:45 -- wtodep

သီရီလင်္ကာနိုင်ငံ၏ စီးပွားရေးသည် ယမန်နှစ်က ၃.၈ % ကျဆင်းခဲ့သည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းပြီးနောက် သီရီလင်္ကာသည် စီးပွားရေးပြန်လည်ဦးမော့လာရန် နည်းလမ်းများရှာဖွေ လျက်ရှိပါသည်။

သီရိလင်္ကာသည် ထိုင်းနိုင်ငံနှင့်လွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက် (FTA) ကို လက်မှတ်ရေးထိုးပြီးနောက် ဆယ်စုနှစ် များစွာကြာရှည်နေပြီဖြစ်သော ၎င်း၏အဆိုးဝါးဆုံးငွေကြေး အကျပ်အတည်းမှ ရုန်းထွက်နိုင်လိမ့်မည်ဟု မျှော်လင့်နေပါသည်။

သီရိလင်္ကာသမ္မတရုံး ၊ မီဒီယာဌာန၏ ထုတ်ပြန်ချက်တွင် ယခုသဘောတူညီချက်မှ ကုန်စည်ကုန်သွယ်မှု၊ရင်းနှီးမြှုပ်နှံမှု ၊ အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့် ဉာဏပစ္စည်းမူပိုင်ခွင့်စသည့်ကဏ္ဍစုံတွင် စေ့စပ်ညှိနှိုင်းမှုများမှ စျေးကွက်အခွင့်အလမ်းများကိုမြှင့်တင်ရန် ရည်ရွယ်ကြောင်း ဖော်ပြခဲ့သည်။

ကမ္ဘာ့ဘဏ်များ၏ခန့်မှန်းချက်အရ ယမန်နှစ်ကဆိုးဝါးသော နိုင်ငံခြားငွေလဲလှယ်မှုကြောင့် ငွေကြေးအကျပ်အတည်းဖြစ်ပေါ်ခဲ့ကာ ၃.၈ % စီးပွားရေးကျဆင်းခဲ့သော သီရိလင်္ကာသည် ၎င်း၏ ကျဆင်းနေသောစီးပွားရေးကို ပြန်လည်မြှင့်တင်ရန် ကုန်သွယ်မှုဆိုင်ရာ သဘောတူညီချက်များကို ဆက်လက်သက်တမ်းတိုးရန် အလေးအနက်ထားလျက်ရှိပါသည်။

လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက်နှင့် အခြားသဘောတူညီချက်များ လက်မှတ်ရေးထိုးရန် ကိုလံဘိုမြို့သို့ရောက်ရှိနေသော ထိုင်းဝန်ကြီးချုပ် ဆူရက်သာသာဗီဆင် (Srettha Thavisin)က ယခုကိစ္စသည်နှစ်ဖက်စလုံးအတွက် များပြားသောစီးပွားရေး အခွင့် အလမ်းများကိုယူဆောင်ပေးမည်ဖြစ်ကြောင်း၊ နှစ်ဖက်ပုဂ္ဂလိကကဏ္ဍများကို အပြန်အလှန်အကျိုးရှိစေမည့် ကုန်သွယ်မှုနှင့်ရင်းနှီး မြှုပ်နှံမှုတို့ကို ရှာဖွေရန်တိုက်တွန်းပါကြောင်း ပူးတွဲမီဒီယာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

နှစ်နိုင်ငံသည် လေကြောင်းဝန်ဆောင်မှုဆိုင်ရာ သဘောတူညီချက်အသစ်ကိုလည်း လက်မှတ်ရေးထိုးခဲ့ပါသည်။

သီရီလင်္ကာနိုင်ငံဗဟိုဘဏ်၏ စာရင်းအင်းများအရ ၂၀၂၁ ခုနှစ်တွင် ထိုင်းနိုင်ငံနှင့်သီရီလင်္ကာနိုင်ငံအကြား ကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၄၆၀ သန်း တန်ဖိုးရှိခဲ့ပါသည်။ သီရီလင်္ကာ နိုင်ငံသည်ထိုင်းသို့ လက်ဖက်ခြောက်နှင့်အဖိုးတန်ကျောက်များ အဓိက တင်ပို့ပြီး လျှပ်စစ်ပစ္စည်း၊ စားသောက်ကုန် ၊ ရော်ဘာ ၊ ပလပ်စတစ်နှင့်ဆေးဝါးများ တင်သွင်းလျက်ရှိပါသည်။

 

Source     :    InternationTrade .www.aljazeera.com

         

International Trade News

Pages