အာဖရိကဒေသတွင်းစားနပ်ရိက္ခာထုတ်လုပ်မှုနှင့်ကုန်သွယ်မှုတိုးမြှင့်ရေးအကောက်ခွန်မဟုတ်သော အတားအဆီးများကို ဖယ်ရှားရန်လိုအပ်

Wed, 08/02/2023 - 06:10 -- wtodep

ကုန်သွယ်မှုတိုးမြှင့်ရေးအကောက်ခွန်မဟုတ်သောအတားအဆီးများကိုဖယ်ရှားရန်လိုအပ်

အာဖရိကသမဂ္ဂအဖွဲ့ဝင်နိုင်ငံများတွင် လက်ရှိကျင့်သုံးနေသော အကောက်ခွန်မဟုတ်သော ကုန်သွယ်မှုဆိုင်ရာအတားအဆီးများကြောင့် အာဖရိကတိုက်ပြင်ပမှ တင်သွင်းလာသော သွင်းကုန် ဈေးနှုန်းများသည် ဒေသတွင်းထုတ်ကုန်များထက် ပိုမိုဈေးကြီးနေရာ အဆိုပါ အတားအဆီးများအား ဖယ်ရှားရန် မူဝါဒများ လိုအပ်လာပါသည်။

အာဖရိကဒေသတွင်း စားနပ်ရိက္ခာထုတ်လုပ်မှုနှင့် ကုန်သွယ်မှုတိုးမြှင့်ရေးအတွက် ကင်ညာနိုင်ငံ၊ နိုင်ရိုဘီမြို့တွင် ၂၀၂၃ ခုနှစ်၊ ဇူလိုက်လ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့အထိကျင်းပခဲ့သည့် အာဖရိ ကသမဂ္ဂအဖွဲ့၏ (၁၄)ကြိမ်မြောက် အဆင့်မြင့်ပုဂ္ဂလိကကဏ္ဍဖိုရမ်က အောက်ပါဆုံးဖြတ်ချက်များ ကိုဖော်ထုတ်ရရှိခဲ့ကြောင်း Daily News သတင်းစာမှဖော်ပြထားသည်ကို ကောက်နုတ်တင်ပြ အပ်ပါ သည်-

(က)   အာဖရိကသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေဖြင့် မိုးရေကို မှီခိုစိုက်ပျိုးခြင်းထက် ရေသွင်းစိုက်ပျိုးမှု ကိုပိုမိုဆောင်ရွက်ရန်၊

(ခ) ထုတ်လုပ်မှုတိုးတက်ရန်နှင့် စားနပ်ရိက္ခာမလုံလောက်မှုများကိုလျော့ချရန် စိုက်ပျိုးရေးလုပ်ငန်းများတွင် လူငယ်များပိုမိုစိတ်ပါ ဝင်စားစေမည့် မူဝါဒများချမှတ်ရန် ၊

(ဂ) ရာသီဥတုကိုကြံ့ကြံ့ခံနိုင်သည့် စားနပ်ရိက္ခာဖူလုံရေးဆောင်ရွက်ရာတွင် ရိတ်သိမ်းချိန်လွန် ဆုံးရှုံးမှုများကို ဖြေရှင်းနိုင်မည့် နည်းပညာပိုင်းတွင် ရင်းနှီးမြှုပ်နှံရန်၊

(ဃ) ရေရှည်ငွေကြေးထောက်ပံ့နိုင်ရန်၊ ပြည်တွင်းနှင့်ဒေသတွင်း စက်မှုလယ်ယာဇုန်များ၊ ဒေသတွင်းတန်ဖိုးကွင်းဆက်များအား စီမံ ခန့်ခွဲနိုင်ရန်အတွက် အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးများတိုးမြှင့်ရန်၊

(င) ပြည်တွင်းလယ်ယာစီးပွားရေးလုပ်ငန်းများ၏ ဦးစားပေးအစီအစဉ်များကို Malabo and Maputo Declaration နှင့် အာဖရိက စိုက်ပျိုးရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်(Comprehensive African Agriculture Development Programme-    CAADP) နှင့် ကိုက်ညှိဆောင်ရွက်ရန်၊

(စ) သယ်ယူထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများသည် လယ်ယာစီးပွားရေးလုပ်ငန်းတိုးတက်ရေးကို အထောက်အပံ့ ဖြစ်စေရန်နှင့် အာဖရိကတိုက်အတွင်း စားနပ်ရိက္ခာဖူလုံမှုကို သေချာစေရန်၊

(ဆ) အာဖရိကဒေသတွင်း လုံခြုံစိတ်ချရပြီး စျေးနှုန်းချိုသာသော စွမ်းအင်တိုးမြှင့်ရရှိစေရေး လွတ်လပ်သော စွမ်းအင်ထုတ်လုပ်သူများ (Independent Power Producers) အစီအစဉ်ကိုအားပေးမြှင့်တင်ရန်နှင့် ငွေကြေးအထောက်အပံ့၊ အခြားမက်လုံးများပိုမို ထောက်ပံ့ရန်၊

(ဇ)  လျှပ်စစ်ဓာတ်အားယိုပေါက်များအတွက် နည်းပညာများကို မြှင့်တင်ပေးရန်၊ တချိန်တည်းမှာပင် အရေးကြီးသောစွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အဉီများတွင် ရင်းနှီးမြှုပ်နှံရန်နှင့် ပုဂ္ဂလိကကဏ္ဍမှပါဝင်နိုင်ရေး အတားအဆီးများ ဖယ်ရှားပေးရန်၊

(ဈ) ပုဂ္ဂလိကပိုင်းမှလွတ်လပ်သော စွမ်းအင်ထုတ်လုပ်သူများ(Independent Power Producers) အစီအစဉ်တွင်ပါဝင်နိုင်ရေး ရင်းမြစ်များ ပိုမိုထောက်ပံ့ပေးနိုင်ရန်အတွက် လမ်းညွှန်ချက်များရေးဆွဲပေးရန်၊

(ည) အာဖရိကဒေသတွင်းရှိ လွတ်လပ်သောစွမ်းအင်ထုတ်လုပ်သည့် လုပ်ငန်းများအကြား အတွေ့အကြုံဖလှယ်နိုင်ရေး ပုဂ္ဂလိကကဏ္ဍမှ ကွန်ယက်နှင့်အသိုက်အဝန်း တည်ဆောက်ရန်၊

(ဋ) အာဖရိကနိုင်ငံများအကြား ဒီဂျစ်တယ်ကုန်သွယ်မှုကို လက်တွေ့ဆောင်ရွက်နိုင်ရေး ငွေပေးချေမှုများကို electronic payment ဖြင့် စတင်ရန်နှင့် မိုဘိုင်းငွေပေးချေသူများအတွက် ဝန်ဆောင်ခများ တပြေးညီဖြစ်စေရေး မူဝါဒများချမှတ်ရန်၊

(ဌ) ကန့်သတ်ထားသည့် ရင်းမြစ်များ၊ ကျွမ်းကျင်မှုများနှင့်နည်းပညာများအား ကျော်လွှားနိုင်ရေး အစိုးရ-ပုဂ္ဂလိကပူးပေါင်းမှုကို မြှင့်တင် ရန်၊

(ဍ) ဒီဂျစ်တယ်ဗဟုသုတများ၊ အခြားကျွမ်းကျင်မှုများနှင့် စီးပွားရေးလုပ်ငန်းများကို အများပြည်သူမှ ပိုမိုကျွမ်းဝင်စေရေးကွန်ယက်များ တည်ဆောက်ရန်၊

(ဎ) အာဖရိကထုတ်ကုန်များအပေါ် သဘောထားအမြင်များပြောင်းလဲရန်၊ အာဖရိကဒေသတွင်း ထုတ်ကုန်များအရည်အသွေးတိုးတက် စေရန် တပြေးညီဖြစ်သော ဒီဂျစ်တယ်ပေါ်တယ်များ တည်ထောင်ရန်၊

(ဏ) အာဖရိကအထည်အလိပ်နှင့် အဝတ်အထည် လုပ်ငန်းကိုပြုပြင်ပြောင်းလဲရန်နှင့် အာဖရိကဖက်ရှင်ကို အများသိစေရေး အာဖရိက ဒေသတွင်းတီထွင်မှုဗဟို (Innovation Center) ၅ ခုတည်ထောင်ရန်

(တ) ပြည်တွင်းအထည်ချုပ်၊ အဝတ်အထည်လုပ်ငန်းနှင့် ပြည်သူလူထုကျန်းမာရေးကို ထိခိုက်စေသော အဝတ်အထည်အဟောင်းများ တင်သွင်းခြင်းကိုတားမြစ်ရန်၊

(ထ) အာဖရိကအထည်ချုပ်နှင့်အဝတ်အထည်လုပ်ငန်းတွင် ငွေကြေးများစွာ ရင်းနှီးမြှုပ်နှံနိုင်ရေး အရှေ့အာရှနှင့်ကမ္ဘာ့အခြားနေရာများမှ ကောင်းမွန်သော အလေ့အထများကို နမူနာယူရန်၊

(ဒ) အာဖရိကအထည်အလိပ်များကို ပိုမိုသုံးစွဲစေရေး အာဖရိကဖက်ရှင်ရှိုးများ၊ ပြပွဲများတွင် ပူးပေါင်းပါဝင်ရန်၊

(ဓ) အာဖရိကဒီဇိုင်နာများအနေဖြင့် နိုင်ငံတကာဈေးကွက်များတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးနှင့် အာဖရိကအမှတ်တံဆိပ်ကိုမြှင့်တင် နိုင်ရေး ၎င်းတို့ထုတ်ကုန်များအပေါ် တစိုက်မတ်မတ် ဆောင်ရွက်သွားရန်၊

Source : Daily News

International Trade News

Pages