မြေပဲဈေးအေးလို့ ပဲဆီဈေးပါ ကျလာတဲ့ ပြည်ဈေးကွက်

Tue, 05/07/2013 - 04:37 -- admin

ပြည်ဈေးကွက်ကို ကံမနဲ့ မင်း တုန်းတို့မှ နေ့စဉ်မြေပဲဆန်အိတ် ၆၀၀ ခန့်ဝင်ရောက်လာပြီး ဝင်သလောက် အရောင်းအဝယ် ဖြစ်နေ ပါတယ်။ လုံး ဆန်ကို အဝယ်ခဏရပ်နေပြီး ဆီဆန် ကို ပြည်ဆီစက်သမားများက အဝယ်သွက်နေပါတယ်။ ပြီးခဲ့တဲ့ဖေဖော်ဝါရီ လက မြေပဲလုံးဆန်ဈေးမှာ အမြင့် ဆုံးတစ်ပိဿာ ၂၂၀၀ ကျပ်နဲ့ အနိမ့် ဆုံး ၂၁၀၀ ကျပ်ဈေးရှိခဲ့ပြီး၊ ဆီဆန် ဈေးမှာ တစ်လလုံးလုံး ပြောင်းလဲမှုမရှိ ဘဲ တစ်ပိဿာ ၁၉၀၀ ကျပ်ဈေးရှိခဲ့ ပါတယ်။ ယခုမတ်လဆန်းမှ လလယ် အထိ လုံးဆန် တစ်ပိဿာ ၂၁၀၀ ကျပ်နဲ့ဆီဆန်တစ်ပိဿာ ၁၉၀၀ ကျပ် ဈေးရှိခဲ့ပါတယ်။ မတ်လကုန်ပိုင်းမှာ လုံးဆန်တစ်ပိဿာ ၁၇၆၀ ကျပ်နဲ့ ဆီဆန်တစ်ပိဿာ ၁၆၂၅ ကျပ်ဈေးနဲ့ ဈေး အနည်းငယ် ကျလာပါတယ်။ မြေပဲဆီဈေးမှာလည်း ယခင်ဖေဖော် ဝါရီလက တစ်ပိဿာ ၄၀၀၀ ကျပ် ဈေးရှိခဲ့ပြီး မတ်လဆန်းမှ မတ်လ လယ်အထိမြေပဲဆီတစ်ပိဿာ ၄၀၀၀ ကျပ်ဈေးနဲ့ ပြောင်းလဲမှု မရှိဘဲ ဈေးငြိမ်ပြီး မတ်လ လကုန်ပတ်မှာ မြေပဲဆီ တစ်ပိဿာကို ၃၈၀၀ ကျပ်-၃၉၀၀ ကျပ်ဈေးနဲ့ ဈေးအနည်းငယ် ကျလာတာ တွေ့ရပါတယ်။
ဝေေ၀မင်း - ပြည်

Local Trade News

Pages