မြန်မာ-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်မှုမြှင့်တင်ရေး ပူးပေါင်းဆောင်ရွက်လျက်ရှိ

Tue, 05/07/2013 - 04:30 -- admin

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိများနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အဆင့်မြင့် အရာရှိများ နေပြည်တော်မှာ ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်းကတွေ့ဆုံကြရာမှာ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ နှစ်နိုင်ငံအကြား ကုန်သွယ်မှုမြှင့်တင်ရေးကိစ္စရပ်များကိုဆွေးနွေးခဲ့ကြပါတယ်။ အဲဒီအစည်းအဝေး မှာ နှစ်နိုင်ငံ ကုန်သွယ်ရေးဝန်ကြီးများက သဘောတူညီချက်များကိုထုတ်ပြန်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှ ဆားတင်ပို့နိုင်ရေး၊ လေကြောင်း လိုင်းများ တိုးချဲ့ပျံသန်းရေး သင်္ဘောလိုင်းများပိုမိုချိတ်ဆက်ခုတ်မောင်းရေးနဲ့ နှစ်နိုင်ငံဌာနဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များ ပိုမိုပူးပေါင်းဆောင်ရွက်ရန် တွန်းအားပေး ဆောင်ရွက်ရန် သဘောတူခဲ့ကြတယ်လို့ တာဝန်ရှိပြောရေးဆိုခွင့် ရှိသူက ပြောကြားခဲ့ ပါတယ်။  မြန်မာနိုင်ငံဟာ နှစ်နိုင်ငံ အပြန်အလှန် ကုန်သွယ်မှုတိုးမြှင့်ရေးအတွက် ပထမ ထိုင်း၊ ဒုတိယ ဗီယက်နမ် တို့နဲ့စာချုပ်များချုပ်ဆိုခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ချုပ်ဆိုမှုဟာ တတိယနေရာမှာရှိနေခဲ့ပါတယ်။ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ၊ လာအို၊ မလေးရှား၊ ပါကစ္စတန်၊ ဖိလစ်ပိုင်၊ တောင်ကိုရီးယား၊ ထိုင်း၊ ဗီယက်နမ် နိုင်ငံတို့နဲ့ ကုန်သွယ်မှုသဘောတူစာချုပ်များလက်မှတ်ရေးထိုးထားပြီးဖြစ်ပါတယ်။
Source:The Nation
CMK

Local Trade News

Pages