နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ဖို့ မြန်မာကိုယ်စားလှယ်အဖွဲ့ မဏိပူရသို့ သွားရောက်

Tue, 05/07/2013 - 08:01 -- admin

နှစ်နိုင်ငံ အပြန်အလှန်ဆက်ဆံမှုတွေ အကောင်အထည်ဖော် ဆောင်ရွက် နိုင်ဖို့အတွက် မြန်မာနိုင်ငံက ကိုယ်စားလှယ် ၁၁ ဦးပါတဲ့ အဖွဲ့တစ်ဖွဲ့က အိန္ဒိယနိုင်ငံ မဏိပူရဒေသကို သွားရောက်ခဲ့ပါတယ်။ အဓိကရည်ရွယ်ချက်က စီးပွားရေးနဲ့ သံတမန်ရေး ပူးပေါင်းဆောင်ရွက် ဖို့ဖြစ်ကြောင်း သတင်းတစ်ရပ်အရ သိရပါတယ်။ သူတို့ အဓိကဆွေးနွေးတာက နယ်စပ်ကုန်သွယ်မှု၊ ကျန်းမာရေး စောင့်ရှောက်မှု လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးစတဲ့ ကိစ္စတွေဖြစ်ပါ တယ်။ ကိုယ်စားလှယ်အဖွဲ့ကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ဝန်ကြီး ဦးကျော်ဝင်းက ဦးဆောင်ပြီး မဏိပူရပြည်နယ်မှာရှိတဲ့ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ ဆွေးနွေးခဲ့ပါတယ်။ ကိုယ်စားလှယ်အဖွဲ့က ပြည်နယ် ဒုတိယဝန်ကြီးချုပ် ဂိုက်ခန်ဂမ်နဲ့ တွေ့ဆုံပြီး အပူစွမ်းအင်သုံး စက်ရုံ တည်ဆောက်ရေး၊ ကျန်းမာရေး စောင့်ရှောက်မှု၊ ခရီးသွားလုပ်ငန်း၊ ပညာရေး၊ တမူးနဲ့ မိုရေးမှာ ဆိုက် ရောက် ဗီဇာ ထုတ်ပေးရေးကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။  မြန်မာနိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့က ကီလိုမီတာ ၁၆၀၀ နယ်နိမိတ်ချင်း ထိစပ်နေရုံသာမက တူညီတဲ့ ယဉ်ကျေးမှု၊ ဘာသာစကားနဲ့ ကုန်သွယ်မှု တို့ကလည်း သမိုင်းကြောင်းအရ ခိုင်မာမှုရှိခဲ့ တဲ့နိုင်ငံတွေဖြစ်ပါတယ်။ မြန်မာနိုင်ငံက အိန္ဒိယနိုင်ငံရဲ့ Look East Policy မှာ အရေးပါတဲ့ အခန်းက ပါဝင်နေတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။      
UNT

Local Trade News

Pages