ဈေးကွက်စဝင်လာတဲ့ မြကျောက်နဲ့ ဘုတ်ထုံ

Tue, 05/07/2013 - 08:00 -- admin

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ပြည်မြို့ရဲ့ တစ်ဖက်ကမ်းမှ ဈေးကွက်ထဲကို မြကျောက်သရက်သီးနဲ့ ဘုတ်ထုံသရက်သီးများ ဝင်ရောက်လာပါတယ်။ ပြည်ခရိုင် ပန်းတောင်းမြို့နယ်မှ မကျီးစုရွာ၊ ရွှေဘုံသာရွာ၊ ညောင်ပင် သာရွာတို့မှ မြကျောက်နဲ့ ဘုတ်ထုံသရက်သီးများ အများဆုံးထွက်ရှိပြီး၊ ပေါ်ဦးပေါ်ဖျားဖြစ်တဲ့အတွက် ရန်ကုန်၊ မန္တလေးမြို့ကြီးများကို တင်ပို့မှု မရှိသေးကြောင်း သိရပါတယ်။ ဈေးနှုန်းများမှာ မြကျောက် သရက်သီးအရွယ်အစားအလိုက် တစ်လုံးကို ၂၀၀ ကျပ်မှ ၂၅၀ ကျပ်၊ ဘုတ်ထုံသရက်သီးမှာ အရွယ်အစားအလိုက်တစ်လုံးကို ၁၀၀ ကျပ်နဲ့ ၁၂၀ ကျပ် ဈေးတို့နဲ့ ရောင်းဝယ်နေကြပါတယ်။
အေးမြတ်ခိုင် - ပြည်

Local Trade News

Pages