ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နံှမှုဆိုင်ရာစွမ်းရည်မြင့်တင်ရေးအလုပ်ရုံဆွေးနွေးပွဲကျင်းပ

Thu, 05/16/2013 - 05:26 -- admin

တနင်္လာနေ့  ၁၁ မတ်လ  ၂၀၁၃  01 း 30 PM

ထိုင်းနိုင်ငံ အခြေစိုက် ကမ္ဘာ့ ကုလ သမဂ္ဂ၊ အာရှနှင့် ပစိဖိတ် ဆိုင်ရာ စီးပွားရေးနှင့် လူမှုရေး ကော်မရှင် UNESAP နဲ့ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်မှု သင်တန်း ကျောင်းတို့ ပူးပေါင်းပြီး ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နံှမှု ဆိုင်ရာ စွမ်းရည် မြင့်တင်ရေး အလုပ်ရုံ ဆွေးနွေးပွဲကို ရန်ကုန်တိုင်း ဒေသကြီးရုံး စတုတ္တထပ် ကုန်သွယ်မှု သင်တန်းကျောင်းမှာ ၂ဝ၁၃ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့နဲ့ ၂၆ ရက်နေ့များမှာ ကျင်းပခဲ့ပါတယ်။ အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲသို့ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာန တို့မှ အရာထမ်းများ၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းမှ သက်ဆိုင်ရာ ပုဂ္ဂိုလ်များ တက်ရောက် ခဲ့ကြပြီး ပုဂ္ဂလိက ကဏ္ဍရှိ စွမ်းရည် မြင့်တင်ရေး အတွက် လိုအပ်ချက် များကို ဆွေးနွေး ခဲ့ကြပါတယ်။ .......... (ဆက်လက်ဖတ်ရှုရန် ခေါင်းစဉ်ကို နှိပ်ပါ) 

အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲသို့ UNESCAP Trade and Investment Division မှ Mr.Marc Proksch ၊ Mr.Rajan Sudesh Ratna နဲ့ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ Centre for WTO Studies မှ ပါမောက္ခ Shashank Priya တို့ တက်ရောက် ခဲ့ကြပြီး ကုန်သွယ်မှု မူဝါဒ ချမှတ်ခြင်းနှင့် စိန်ခေါ်မှုများ၊ ရင်းနှီးမြှုပ်နံှမှု မူဝါဒချမှတ်ခြင်းနှင့် စိန်ခေါ်မှုများ၊ မြန်မာ နိုင်ငံတွင် စွမ်းရည် မြင့်တင်ရေး အတွက် လိုအပ်တဲ့ နယ်ပယ်များနဲ့ စပ်လျဉ်းပြီး တက်ရောက် လာကြတဲ့ ပညာရှင်များ၊ အရာ ထမ်းများ လုပ်ငန်းရှင်များ နဲ့တွေ့ဆုံ ဆွေးနွေး ခဲ့ကြပါတယ်။

ဆွေးနွေးပွဲရဲ့ ရလာဒ် အနေနဲ့ UNESCAP မှ ၂ဝ၁၃ ခုနှစ် မေလမှ စတင်ပြီး စွမ်းရည်မြင့် တင်ရေး ဆိုင်ရာ သင်တန်းများ၊ အလုပ်ရုံ ဆွေးနွေးပွဲများကို ပုဂ္ဂလိက ကဏ္ဍ မြင့်တင်ရေး အတွက် စတင် ဆောင်ရွက်ပေး သွားမယ်လို့ သိရှိရပါတယ်။

 

DR. H Lynn