ID ထက် ပိုသယ်လာတဲ့ ကွဲျရိုင်းနဲ့ အချိုရည်များ

Tue, 05/14/2013 - 04:58 -- admin

ကြာသပတေးနေ့ ၇ ဖေဖော်ဝါရီလ ၂၀၁၃ 14:39 PM

ဇန်နဝါရီလ ၂၇ ရက်နေ့ နံနက် ဝ၃း၄ဝ ချိန်မှာ နကသ (လရ-၂) အဖွဲ့ဟာ ယာဉ်အမှတ် ၈ဆ/xxxx အား Manifest ပါ ပစ္စည်း အလေးချိန် ဖော်ပြ ထားချက်နဲ့ ကိုက်ညီမှု မရှိနိုင်ကြောင်း သံသယ ဖြစ်တဲ့ အတွက် ပစ္စည်းများအား အသေးစိတ် ချစစ်ရာမှာ ID ထက် ပိုမို တင်ဆောင် လာတဲ့ အောက်ဖော်ပြပါ အချိုရည် ဖာ ၂၃ဝ စစ်ဆေး တွေ့ရှိရတဲ့ အတွက် သိမ်းဆည်းပြီး အကောက်ခွန် လုပ်ထုံး လုပ်နည်းနဲ့ အညီ ဆောင်ရွက် ထားပြီး ဖြစ်တယ်လို့ သတင်းရ ရှိပါတယ်။

 

Orange Juice          ၁ဝဝ ဖာ

Cantaloupe Juice       ၄၅ ဖာ

Strawberry Juice       ၈၅ ဖာ

အလားတူ ဇန်နဝါရီလ ၃ဝ ရက်နေ့မှာ ဘားအံမှ ဝင်ရောက် လာတဲ့ ၂၂ ဘီးယာဉ် ၄ယ/xxxxxxx နဲ့ ၄ယ/xxxx (၂) စီးနဲ့ သယ်ဆောင် လာတဲ့ ကွဲျရိုင်း အချိုရည် များကို သွင်းကုန် ကြေငြာလွှာနဲ့ တိုက်ဆိုင် စစ်ဆေးရာမှာ ပိုမို ပါရှိလာတဲ့ ကွဲျရိုင်း ၃၃၃ ကဒ် တန်ဖိုး အားဖြင့် ကျပ် ၂၄ သိန်း နီးပါးဖိုးအား သိမ်းဆည်းပြီး အကောက်ခွန် လုပ်ထုံး လုပ်နည်းနဲ့ အညီ ဆောင်ရွက်ထား ပြီးဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ၂၂ ဘီးယာဉ် ကားကြီး (၂) စီးနဲ့ သယ်ဆောင် လာတဲ့ သွင်းကုန် ကြေညာလွှာပါ ကြေညာ ထားတဲ့ ကွဲျရိုင်းများမှာ ၈၃၆၇ ကဒ်သာ ပါရမှာ ဖြစ်သော်လည်း အမှန် တကယ် တင်ဆောင် လာမှု ၈၇ဝဝ ကဒ်ဖြစ်တဲ့ အတွက် အပို သယ်ဆောင်လာမှု ၃၃၃ ကဒ်ကို တွေ့ရှိ သိမ်းဆည်းခဲ့ ရတာဖြစ်ပါတယ်။

Source: လရ-၂ >>> MTN