CITES Appendix များမှာပါဝင်တဲ့ သစ်ခွ မျိုးစိတ်များ ရောင်းဝယ် ဖောက်ကားခြင်း အတွင်း CITES ပို့ကုန်/ သွင်းကုန် ပါမစ် ထုတ်ပေးခြင်း ဆိုင်ရာ စည်းမျဉ်း စည်းကမ်းများ

Tue, 05/14/2013 - 05:02 -- admin

ကြာသပတေးနေ့ ၇ ဖေဖော်ဝါရီလ ၂၀၁၃ 15:55 PM
အိမ်နီးချင်း ထိုင်း၊ အိန္ဒိယ စတဲ့ နိုင်ငံတို့မှ သစ်ခွ (Orchids) များအား ကုမ္ပဏီ လုပ်ငန်းရှင်များ နယ်စပ် ကုန်သွယ်မှု နည်းလမ်း အရ သွင်းကုန် လိုင်စင်နဲ့ တင်သွင်း မယ်ဆိုလျှင် သစ်တော ဦးစီးဌာန၊ ပတ်ဝန်း ကျင်ထိန်း သိမ်းရေးနဲ့ သစ်တော ရေးရာ ဝန်ကြီး ဌာနရဲ့ CITES ပါမစ် ရယူ ဆောင်ရွက်ရန် လိုအပ်ကြောင်းနဲ့ သစ်ခွမျိုးစိတ် များကို ယခင် အပတ်က ဖော်ပြ ပေးထားပြီး ဖြစ်ပါတယ်။ ယခု အပတ်မှာတော့ CITES ပါမစ် ထုတ်ပေးခြင်း နဲ့ပတ်သက်တဲ့ စည်းမျဉ်း စည်းကမ်းများ Article III ကို ဖော်ပြ ပေးလိုက် ရပါတယ်။ တင်ပို့ မယ်ဆိုလျှ CITES Appendix I မှာ ပါဝင်တဲ့ မည်သည့် သစ်ခွ မျိုးစိတ်ကို မဆို တင်ပို့ မယ်ဆိုလျှင် ကနဦး ထောက်ခံချက်နဲ့ ပါမစ် လျှောက်ထားရတဲ့ အကြောင်းကို ဖော်ပြ ပေးဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ပို့ကုန် ပါမစ် ထုတ်ပေးနိုင်ရန် တင်ပို့ ခွင့်ပြုတဲ့ မျိုးစိတ်ရဲ့ ရှင်သန် တည်တံ့မှုကို မထိခိုက်နိုင်ကြောင်း တင်ပို့တဲ့ နိုင်ငံရဲ့ သိပ္ပံ ဆိုင်ရာ ထောက်ခံချက် ပေးတဲ့အဖွဲ့ (ScientificAuthority)ကို ရှင်းလင်း တင်ပြရန်၊ တင်ပို့ ခွင့်ပြုရမဲ့ မျိုးစိတ်ကို စုဆောင်းရာမှာ တင်ပို့မဲ့ နိုင်ငံရဲ့ အပင်နဲ့ အကောင် (Fauna & Flora) တို့ကို ကာကွယ် ထိန်းသိမ်းရန် ထုတ်ပြန် ထားတဲ့ ဥပဒေများနဲ့ ဆန့်ကျင်မှု မရှိကြောင်း စီမံ အုပ်ချုပ်ရေး အဖွဲ့သို့ သေချာစွာ ရှင်းလင်း တင်ပြရန်၊ သက်ရှိ မျိုးစိတ်များအား တင်ပို့မယ် ဆိုလျှင် အဆိုပါ သက်ရှိ မျိုးစိတ်များအား ဒဏ်ရာ ရရှိနိုင်မှု ကျန်းမာရေး ယိုယွင်း ပျက်ပြား နိုင်မှုနဲ့ ယဉ်ပါးစေရန် ထိန်းကျောင်းမှု များမှာ ထိခိုက်မှု အနည်းဆုံးနဲ့ ပြင်ဆင် တင်ပို့မယ် ဆိုတာကို စီမံ အုပ်ချုပ်ရေး အဖွဲ့သို့ ရှင်းလင်း တင်ပြရန်နဲ့ တင်ပို့မဲ့ မျိုးစိတ် အတွက် လက်ခံမဲ့ နိုင်ငံရဲ့ သွင်းကုန် ပါမစ် တရားဝင် ခွင့်ပြုချက်အား တင်ပို့မဲ့ နိုင်ငံရဲ့ စီမံ အုပ်ချုပ်ရေး အဖွဲ့ကို တင်ပြရန် လိုအပ်မှာ ဖြစ်ပါတယ်။
တင်သွင်း မယ်ဆိုလျှင် Appendix I မှာ ပါဝင်တဲ့ မည်သည့် မျိုးစိတ်ကို မဆို တင်သွင်းမယ် ဆိုလျှင် ကနဦး ထောက်ခံချက် Import Permit တင်ပြချက်နဲ့ Export Permit သို့မဟုတ် Re-export Permit များ တင်ပြရန်လို အပ်ပါတယ်။ Import Permit ထုတ်ပေး နိုင်ရန်၊ လိုအပ်ချက်တွေ ကတော့ တင်သွင်းမဲ့ ရည်ရွယ်ချက်ဟာ တင်သွင်းမဲ့ မျိုးစိတ်ရဲ့ ရှင်သန် တည်တံ့မှုအား ထိခိုက်မှု မရှိကြောင်း တင်သွင်း ခွင့်ပြုမဲ့ နိုင်ငံရဲ့ သိပ္ပံ ဆိုင်ရာ ထောက်ခံချက် ပေးတဲ့ အဖွဲ့သို့ ရှင်းလင်း တင်ပြ ထားပြီး ဖြစ်ရန်၊ တင်သွင်းခွင့် ပြုရန် လျှောက်ထားတဲ့ မျိုးစိတ် အတွက် သင့်တင့် လျောက်ပတ်သော နေရာ ထိုင်ခင်း၊ ပြုစု စောင့်ရှောက်မဲ့ အစီအစဉ်များအား တင်သွင်း ခွင့်ပြုမဲ့ နိုင်ငံရဲ့ သိပ္ပံဆိုင်ရာ ထောက်ခံချက် ပေးမဲ့ အဖွဲ့က ကျေနပ် လက်ခံနိုင်တဲ့ စီစဉ် ထားရှိမှုမျိုး ဖြစ်ရန်၊ တင်သွင်းမဲ့ မျိုးစိတ်ဟာ စီးပွားရေး အကျိုး အမြတ်ရမဲ့ လုပ်ငန်း အတွက် အဓိက ရည်ရွယ်မှု မရှိကြောင်း တင်သွင်းခွင့် ပြုမဲ့ နိုင်ငံရဲ့ စီမံ အုပ်ချုပ်မှု အဖွဲ့ကို ရှင်းလင်း တင်ပြ ထားပြီး ဖြစ်ရန် လိုအပ် ပါတယ်။
CITES Appendix II မှာ ပါဝင်တဲ့ မျိုးစိတ်များကို တင်ပို့ တင်သွင်းရာ မှာလည်း Appendix I မှာ ပါဝင်တဲ့ မျိုးစိတ်များကို တင်ပို့ တင်သွင်းတဲ့ အတိုင်း လိုက်နာရ မယ်လို့ CITES Article IV မှာ ဖော်ပြ ထားပါတယ်။ ပိုမိုတဲ့ အချက်ကတော့ ပြည်ပကို တင်ပို့ ခွင့်ပြုထားတဲ့ မျိုးစိတ်များနဲ့ အမှန် တကယ် တင်ပို့မှု ကိုက်ညီခြင်း ရှိ/ မရှိကို နှစ်နိုင်ငံ စလုံးရှိ သိပ္ပံ ဆိုင်ရာ ထောက်ခံချက် ပေးတဲ့ အဖွဲ့က ကြပ်မတ် စစ်ဆေးရန်ပဲ ဖြစ်ပါတယ်။
တင်ပို့ ခွင့်ပြုထားတဲ့ မျိုးစိတ်များဟာ ၎င်းတို့ ရှင်သန်နေတဲ့ ဂေဟ စနစ်များမှာ ဆက်လက် ရှင်သန် တည်တံ့ရန် လိုအပ်တဲ့ အတွက် တင်ပို့ရန် ကန့်သတ် သင့်ကြောင်းနဲ့ Appendix I သို့ ထည့်သွင်းရန် လိုအပ်တဲ့ အနေအထားကို ရောက်ရှိ နေပြီလို့ သိပ္ပံဆိုင်ရာ ထောက်ခံချက် ပေးတဲ့ အဖွဲ့က ဆုံးဖြတ် ခဲ့မယ်ဆိုလျှင် ကန့်သတ် နိုင်ရန် စီမံအုပ် ချုပ်ရေး အဖွဲ့သို့ အကြံပြု တင်ပြ သွားရမယ် လို့လည်း ပြဌာန်း ထားပါတယ်။
Appendix II မှာ ပါဝင်တဲ့ မည်သည့် မျိုးစိတ်ကို မဆို တင်သွင်းမယ် ဆိုလျှင်တော့ Export Permirt သို့မဟုတ် Re Export Permit ထောက်ခံချက် လက်မှတ် ကနဦး တင်ပြရမယ်လို့ CITES Article IV စာပိုဒ်-၄ မှာဖော်ပြ ထားကြောင်း နယ်စပ်မှ သစ်ခွကို နယ်စပ် ကုန်သွယ်မှု နည်းလမ်းနဲ့ ကုန်သွယ် လိုသူများ သိရှိနိုင်ရန် အသိပေးလိုက် ရပါတယ်။
Source: နကသ (ဦး) မူဝါဒ >>> ပန်