အင်ဒိုနီးရှားနိုင်ငံ၊ ရော့ဂျကာတာမြို့တွင် ၂၀၂၃ခုနှစ်၊ မေလ ၁၆ ရက်မှ ၁၉ရက်အထိ ကျင်းပခဲ့သည့် (၁၀၄) ကြိမ်မြောက် အာဆီယံ၀န်ဆောင်မှုညှိနှိုင်းရေးကော်မတီ (CCS 104) အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ ပါဝင်တက်ရောက်ခဲ့မှု

Mon, 06/05/2023 - 10:28 -- regionaldep

         (၁၀၄) ကြိမ်မြောက် အာဆီယံဝန်ဆောင်မှုညှိနှိုင်းရေးကော်မတီ (Coordinating Committee on Services – CCS 104) အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို (In person နှင့် Video Conference) Hybrid စနစ်ဖြင့်၂၀၂၃ ခုနှစ်၊ မေလ၁၆ ရက်မှ ၁၉ ရက်အထိကျင်းပပြုလုပ်ခဲ့ရာ ကမ္ဘောဒီးယားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ လာအိုနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ စင်ကာပူနိုင်ငံ၊ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ ဝန်ဆောင်မှုညှိနှိုင်းရေးကော်မတီအဖွဲ့ဝင် ကိုယ်စားလှယ်များနှင့် အာဆီယံအတွင်းရေးမှူး ချုပ်ရုံးမှ ကိုယ်စားလှယ်များအနေဖြင့် In person ဖြင့် စုံညီစွာ ပါဝင်တက်ရောက်ခဲ့ကြပြီး ဘရူနိုင်းနိုင်ငံက ဝန်ဆောင်မှုညှိနှိုင်းရေးကော်မတီအဖွဲ့ဝင် ကိုယ်စားလှယ်များအနေဖြင့် Video Conference စနစ်ဖြင့် ပါဝင်တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ မြန်မာနိုင်ငံမှ ဘာသာရပ်ဆိုင်ရာကိုယ်စားလှယ်အဖြစ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ အရာထမ်းကိုယ်စားလှယ်(၁) ဦးပါဝင်တက်ရောက်ဆွေးနွေးခဲ့ ပါသည်။

       အဆိုပါအစည်းအဝေး၌ အာဆီယံဒေသတွင်းဝန်ဆောင်မှုကဏ္ဍများအလိုက် အဖွဲ့ဝင် နိုင်ငံများ၏ ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ဆောင်ရွက်ဆဲအခြေအနေများနှင့် ရှေ့ဆက် ဆောင်ရွက်မည့်အခြေအနေများကို အဖွဲ့ဝင်နိုင်ငံများအကြား ဆွေးနွေးညှိနှိုင်းခဲ့ကြပါ သည်။

      အာဆီယံဝန်ဆောင်မှုလွယ်ကူချောမွေ့စေရေးမူဘောင် (Text) သည် အင်ဒိုနီးရှား နိုင်ငံ၏အလှည့်ကျဥက္ကဋ္ဌကာလအတွင်း ဦးစားပေးဆောင်ရွက်မည့် ၂၀၂၃ ခုနှစ် (Priority Economic Deliverables) တွင် ပါဝင်ပြီးအဆိုပါ (Text) အပေါ်အဖွဲ့ဝင်နိုင်ငံများအကြား ၂၀၂၃ခုနှစ်အတွင်း အပြီးသတ်ညှိနှိုင်းဆွေးနွေးကြမည်ဖြစ်ပါသည်။