အကောက်ခွန်မဲ့နဲ့ Engine Power လွဲမှားစွာဆိုင်ကယ်များတင်သွင်းမှုရှိနေ

Tue, 05/14/2013 - 10:44 -- admin

အင်္ဂါနေ့ ၂၃ ဧပြီလ  ၂၀၁၃ 10 :42  AM

အကောက်ခွန် ကြေငြာလွှာ ID နဲ့ဆိုင်ကယ် မျိုးစုံ စီးရေ ၁၂၅ စီးအ တွက် အခွန် ပေးဆောင် ထားသော်လည်း အကောက် ခွန်မဲ့ ဆိုင်ကယ်( Trsta 110 cc ) ၅ စီးနဲ့ Engine Power လွဲမှားပြီး New Ambo (125 cc) ၂ဝ စီး၊ Kanbo (125 cc) ၅ စီးနဲ့ Kanbo (110 cc) ၁၅ စီး စုစုပေါင်းဆိုင်ကယ် အစီး ၄ဝ အား နောင်ချိုမြို့ Asia World Gate မှာ အခြေပြု စစ်ဆေး နေတဲ့ Mobile Team အဖွဲ့-၁ မှာတာ ဝန်ရှိ သူများက မတ်လ ၃၁ ရက်နေ့မှာ စစ်ဆေး တွေ့ရှိခဲ့ ရတာ ဖြစ်ပါတယ်။ မူဆယ် ၁ဝ၅ မိုင်ကုန် သွယ်ရေးဇုန် ယာဉ်စစ် ကွင်းမှ စစ်ဆေး ခံခဲ့ပြီး ထုတ်ပေး ထားတဲ့ ID မှာ Trsta 110 cc ၅ စီး၊ Super Ambo 125 cc ၃၅ စီး၊ Super Ambo 100 cc ၁၅ စီး၊ Dayun 110 cc ၅ စီး၊ New Ambo 100 cc ၂ဝ စီး၊ Kanbo 110 cc ၁၅ စီး၊ Kanbo 125 cc ၁ဝ စီးအတွက် ကျသင့်ခွန် ပေးဆောင် ပြီးသယ် ယူလာတာ ဖြစ်ပါတယ်။ယာဉ်တစ်စီး လုံးချစစ် ဆေးရာမှာ စစ်ဆေး တွေ့ရှိရတဲ့ အကောက်ခွန် မဲ့ဆိုင်ကယ် ၅ စီးနဲ့ Engine Power အလွဲ ဆိုင်ကယ်အစီး ၄ဝ ကို လုပ်ထုံး လုပ်နည်း များနဲ့အညီ အကောက်ခွန် ဦးစီးဌာနသို့ ဆက်လက် အပ်နံှသွား မယ်လို့ သတင်း ရရှိပါတယ်။Mobile Team အဖွဲ့ ၁ အနေနဲ့ ဖေဖော် ဝါရီလ ၁၄ ရက်မှ မတ်လ ၂၆ ရက်ထိ ကာလ အတွင်းမှာ စုစု ပေါင်းစစ် ဆေးရှာဖွေပြီး အကောက် ခွန်ဦးစီး ဌာနသို့ အပ်နံှထားတဲ့ တန်ဖိုး မှာကျပ် ၉၃၆ သန်းနီးပါးရှိပြီလို့ သိရပါတယ်။

Source: လရ-၁                              MTN