လူမှုကွန်ယက် ဝဘ်ဆိုဒ်ဖြစ်သော FACEBOOK တွင် တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးအဖွဲ့ (MOBILE TEAM) ဖြင့် ဆောင်ရွက်လျက်ရှိ

Tue, 05/14/2013 - 05:00 -- admin

ကြာသပတေးနေ့ ၇ ဖေဖော်ဝါရီလ ၂၀၁၃ 15:31 PM

လူမှုကွန်ယက်ဝဘ်ဆိုဒ်ဖြစ်သော FACEBOOK တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာန ဦးဆောင်ကာ သက်ဆိုင်ရာ ဆက်စပ်ဌာနများ ပါဝင်သော တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးအဖွဲ့ (MOBILE TEAM) ဖြင့် ဆောင်ရွက်လျက်ရှိသော (MOBILE TEAM) ၏ သတင်းများအား အဆိုပါ (MOBILE TEAM) တွင် ပါဝင် ဆောင်ရွက်နေသည့် အဖွဲ့ဝင်တစ်ဦးက မြေပြင် ဆောင်ရွက်မှု သတင်းများအား ရေးသားကာ ၎င်း၏ FACEBOOK ACCOUNT မှတစ်ဆင့် သတင်းလွှင့် တင်ပေးလျက်ရှိကြောင်း သိရှိရပါသည်။

(MOBILE TEAM) တွင် ပါဝင် ဆောင်ရွက်နေသည့် အဖွဲ့ဝင်တစ်ဦး ရေးသားသော သတင်းများကို စိတ်ပါဝင်စားသူများ အနေဖြင့် ၎င်း GMAIL ACCOUNT ဖြစ်သော [email protected] ကိုဖြစ်စေ မိမိအသုံးပြုသည့် FACEBOOK ACCOUNT မှတစ်ဆင့် ဖိတ်ခေါ်ကာသတင်းများကို ရယူကြည့်ရှုနိုင်ကြောင်း သတင်းကောင်း ပေးအပ်ပါသည်။

(MOBILE TEAM) တွင် ပါဝင်ဆောင်ရွက်နေသည့် အဖွဲ့ဝင်၏ FACEBOOK PAGE တွင် ရေးသားထားချက် အရ တရားမဝင် ကုန်သွယ်မှုများကို ထိရောက်စွာတားဆီးပြီး တရားဝင် ကုန်သွယ်မှု လမ်းကြောင်းပေါ်သို့ ရောက်ရှိစေရန်နှင့် စားသုံးသူများအား အကာအကွယ်ပေးရေး အတွက် အထောက်အကူ ပြုစေရန် ရည်ရွယ်ချက်ဖြင့် တရားမဝင် ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေး အဖွဲ့ (MOBILE TEAM) ကို ဖွဲ့စည်း ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် ထိုကဲ့သို့ ဆောင်ရွက်ရာတွင် အစိုးရဌာန အချင်းချင်း မိတ်ဆွေများ အဖြစ် သဘောထား မှတ်ယူကာ အကောင်းဆုံး ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။