ယိုကိုဟားမား တာယာ ကုမ္ပဏီရဲ့ အကိုျးစီးပွား နဲ့ပတ်ဝန်းကျင် ထိန်းသိမ်း ရေးအတွက် ကန်ဒေါ် လာ၂သန်း ကျော်ချေး ငွေရရှိ

Tue, 05/14/2013 - 10:45 -- admin

အင်္ဂါနေ့ ၂၃ ဧပြီလ  ၂၀၁၃ 11 :17  AM

Hangzhou Yokohama Tyre ကုမ္ပဏီသို့ Hangzhou မြို့နဲ့ Hangzhou စီးပွားရေးနဲ့ နည်းပညာ ဖွံ့ဖြိုးတိုး တက်ရေး ဇုန်တို့မှ ကန်ဒေါ်လာ ၂ ဒသမ ၂ သန်းကို ရရှိခဲ့တယ်လို့ ယိုကိုဟား မားရော် ဘာကုမ္ပဏီမှ ပြောကြား ခဲ့တယ်လို့ Rubbernews.com မှာ ဖော်ပြ ထားပါတယ်။ ထုတ်ပေး ခဲ့တဲ့ ချေးငွေဟာ ၂ဝ၁၂ ခုနှစ် ဒီဇင် ဘာလမှ ၂ဝ၁၃ ခုနှစ် မတ်လ ထိကာလ အတွက်အကျုံး ဝင်ပြီး ကုမ္ပဏီရဲ့ စီးပွားရေး နဲ့ပတ်ဝန်းကျင် ထိန်းသိမ်း ရေးလုပ်ငန်း များအတွက် အသုံးပြု ရန်ဖြစ်တယ် လို့သိရပါတယ်။Hangzhou Yokohama Tyre ရဲ့ ထုတ်လုပ် နိုင်စွမ်းအား မျှော်မှန်း သည်ထက် ပိုမိုကြောင်း၊ ပတ်ဝန်း ကျင်ထိန်း သိမ်းရေး ပိုင်းနဲ့စပ် လျဉ်းပြီး ထုတ်လုပ် မှုလုပ်ငန်း အဆင့် များတွင် လေထု ညစ်ညမ်းမှု ကင်းစင် စေရန်၊ ရေဆိုးသန့် စင်ရေးဆိုင် ရာလိုအပ် ချက်များ၊ စွမ်းအင် သုံးစွဲမှု လျော့ချရေးနဲ့ ရော်ဘာပင် ၂၄ဝဝဝ စိုက်ပျိုး နိုင်ခဲ့တယ်လို့ Hangzhou Yokohama Tyre ကုမ္ပဏီက ပြောပါတယ်။Hangzhou Yokohama Tyre ကို၂ဝဝ၃ ခုနှစ်က စတင် ထုတ်လုပ်ခဲ့ပြီး ကုမ္ပဏီမှာ အလုပ် သမား ၁၂၅ဝ ကို အလုပ် အကိုင် ရှာဖွေ ပေးနိုင်ခဲ့ပြီး နှစ်စဉ် Tyre ၅ ဒသမ ၁ သန်းကျော် ထုတ်လုပ် ပေးနိုင် စေခဲ့ တယ်လို့ သိရ ပါတယ်။

 

Source: Rubbernews.com                            CMK