ပရဆေးတင်ပို့မှု ပမာဏလျော့

Mon, 08/15/2011 - 07:10 -- Anonymous (not verified)

စက်တင်ဘာလ ၁၄ ရက်မှ ၂၀ ရက်ထိကာလအတွင်း မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ဝ.၅၇၅ သန်း တန်ဖိုးရှိ ပရဆေးကုန်ကြမ်းများ ၃၁၄တန်ခန့် တင်ပို့မှုရှိခဲ့ပါတယ်။ ယခုအပါတ်မှာ ယခင်အပါတ်က တင်ပို့ခြင်းမရှိတဲ့ ချဉ်ပေါင်ဖာလာ (အခွံပါ၊ အခွံမပါ) ၊ နေလဲစေ့၊ စကားပန်းပွင့်ခြောက်၊ ရှားစေး၊ နနွင်းခေါင်းတို့ တင်ပို့မှုရှိခဲ့ပြီး ဝဥခြောက်နဲ့ ကြောင်ပန်းစေ့ ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။ မိကျောင်းကွမ်းဖတ်စေ့၊ နနွင်းတက်၊  (ရှမ်းစ) နဲ့ ၊ ကွမ်းစားဂမုန်း အပို့လျော့ခဲ့ပြီး ငရုတ်ကောင်း၊ အုံတုံခေါက်၊ မုတ်ခါး၊ ဆေးမြင်းခွာ၊ မာလာဥ၊ တောဂျင်း၊ ကြောင်လျာစေ့၊ တောဂျူးမြစ်နဲ့ တောင်လုံးကျော်တို့ ယခုအပတ်မှာ ယခင်အပတ်ကထက် ပရဆေးကုန်ကြမ်းတင်ပို့မှုတန်ချိန် ၈၉ တန် လျော့နည်းခဲ့ရတာ ဖြစ်ပါတယ်။

တမူးနယ်စပ်မှာတော့ ကန်ဒေါ်လာ ဝ.၀၀၀၉ သန်းတန်ဖိုးရှိ တောင်လုံးကျော် ၄ တန် အပို့ရှိခဲ့ပြီး ယခင်အပတ်ကထက် ၂ တန် ပိုမိုတင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။

MIRT (DOBT)